ဘူဆန်မှ ဆိုးလ်သို့ စပြောင်းရမယ့်နေ့၊ ရာသီဥတုကအေးနေတာကြောင့် အိပ်ယာထဲ ကွေးလျက် အချိန်ဆွဲနေမိသည်။ခဏ အကြာ အိမ်အကူအေဒါ်ကြီးမှ အခန်းတံခါးအားလာခေါက်ကာ
"သားမင် 6နာရီထိုးပီ၊နိုးလားဟင် နိုးရင် ဒေါ်ကြီး လုပ်စရာလေးရှိသေးလို့ ဆင်းဦးမယ်နော်"
Alarm နှင့် မထတတ်သော ကျွန်တော်က အိမ်အကူ ဒေါ်ကြီးကိုသာ တစ်ခါတလေ နှိုးခိုင်းရသည်။
"အင်း နိုးတယ် ဒေါ်ကြီး သွားစရာရှိတာ သွားပါ။နိုးပေးလို့ ဂိုမားဝေါ ဒေါ်ကြီး"
ဘာကိစ္စ ပီးပီ ကျေးဇူးတင်စကားဆိုတတ်တာကတော့ မွေးကထဲ မေမေသင်ပေးထားလို့ပင် ကျင့်သားရနေပီ။
"အေး အေး အဲ့ဆို ဒေါ်ကြီး သွားတော့မယ်၊သား မင်လည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်တော့လေကွယ်"
"ဟုတ်ကဲ့ ဒေါ်ကြီး စိတ်ချပါ"
ပြောပီး ဒေါ်ကြီးလည်း အောက်ထပ်ဆင်းသွားပီ ထင်သည်။အခန်းဝမာ ဘာသာမှမကြားရတော့ တိတ်ဆိတ်ခြင်းအတိ......။
ထို့နောက်ရေမိုးချိုးပီး အခန်းထဲရှိ အဝါနုရောင်စာအုပ်စဉ်မှ စာအုပ်တစ်အုပ်ယူကာ မနက်စာ စားဖို့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထမင်းစားပွဲ ၏ အလယ်ခုံတွင် ထိုင်နေသော ဖေဖေ၊ ဖေဖေ့ ကော်ဖီခွက်ထဲသို့ ကော်ဖီတေအား ဂရုတစိုက်ထည့်ပေးနေသော အမေလေး၊
ထိုမြင်ကွင်းအား နေ့တိုင်း မြင်နေရပါသောလည်း နှလုံးသားက ယခုချိန်ထိ ခံနိုင်ရည်မရှိသေး၊တဆစ်ဆစ်နာ၍ မျက်ရည်ကျနေရဆဲပင်။
လွန်ခဲ့တဲ့ 5နှစ်ခန့်ကပင် ထို မိန်းမ နေရာ၌ မေမေဟာ အလှဆုံး အပြုံးကို ပန်ဆင်လျက် ရှိနေခဲ့ဖူးသည်။ကျွန်တော်တို့မိသားစုဟာ လွန်ခဲ့တဲ့ 5နှစ်ခန့်က သိပ်ပျော်ရွှင်စရာ ကောင်းသောမိသားစု တစ်ခု၊သို့သော် ယခုအချိန်တွင် အတိတ်တေက ပစ္စုပန်အား လှောင်ပြောင်နေပီ။
မေမေကိုယ်တိုင် စနစ်တကျ ရွေးချယ်ပေးခဲ့သည့် ကျွန်းထိုင်ခုံကြီးတေဟာ ထိုမိန်းမနှင့် မလိုက်မဖက်၊
သူမအိမ်သို့စပြောင်းလာတဲ့နေ့ကပင် ဖေဖေဟာ သူမကို အမေလေးလို့သာ ခေါ်ရမည်ဖြစ်ကြောင်း ကောင်းကောင်း ဆက်ဆံရမည် ဆိုသည့်အကြောင်း အက်ကြောင်းထပ်အောင်မှာသည်။
YOU ARE READING
🍂ချစ်ခဲ့ရပါသော🍂
Romanceပုံရိပ်ငယ်အား ရစ်မူးခဲ့ရတာ ကျွန်တော်ပါ မင်ရယ်~~💜🌸 ------------------------------------------------------ ပုံရိပ္ငယ္အား ရစ္မူးခဲ့ရတာ ကျွန်တော်ပါ မင်ရယ်~~💜