အိပ်ယာထက်မာ လူးလိမ့်နေတာကြာပီ၊အိပ်ကမပျော်သေး၊ စိတ်လှုပ်ရှားခြင်းတွေက ကျေးငှက်တို့နှင့်ထပ်တူ မနက်ခင်းအားကြိုဆိုနေလျက်.......။
ရင်ဘက်ပေါ်လက်တင်ကာ အကြောင်းစုံကိုမေ့လျော့ပီး မျက်လုံးများအားမှိတ်ထားလိုက်သည်။လူကမှေးခနဲ အိပ်ပျော်တုံးရှိသေး
မကြာပါ အနားယူလို့ဝသွားပီဖြစ်သော နီလာရောင်နေမင်းကြီးဟာ တိမ်ဆိုင်တို့အားဖယ်ခွင်းကာ ကမ္ဘာမြေအား အနွေးဓာတ်ပေးစပြုနေပီဖြစ်သည်။
ကျေးငှက်တို့ဟာလည်း နေမင်းကြီး၏ အနွေးဓာတ်တို့အောက်တွင် ခိုလှုံကာ တေးများသီကြူးလျက် မနက်ခင်းဟာလှလှပပ......။
"ကျောင်းသစ်မာ ငါအဆင်ပြေပါစေ"
အမှန်တိုင်းဝန်ခံရလျှင် အနိုင်ကျင့်ခံရမာသိပ်ကြောက်သည်။ကြားဖူးတာကတော့ ဆိုးလ်ကျောင်းမာတက်တဲ့ကျောင်းသားတေက အနိုင်ကျင့်တတ်သည်တဲ့။ အကယ်၍များအနိုင်ကျင့်ခဲ့ရရင်......။
ကျောင်းသွားဖို့ ဝတ်စုံလဲကာ လက်ဆွဲအိတ်လေးထဲ မျက်မှန်ဘူးရယ်၊ထီးရယ် စာအုပ်ကလေးရယ်က ထုံးစံအတိုင်းမပါမဖြစ်........။
နောက်ပီးမနေ့က ဆိုင်ကယ်ကီးချိန်းလေး၊ကောင်လေးနှင့် တွေ့လျှင်ေမးပီး ဟုတ်ရင်အဆင်သင့်ပြန်ပေးဖို့ ထည့်ထားလိုက်ထားသည်။
တုန်လှုပ်နေသောရင်ဘက်တစ်စုံဟာဆောင်းလေပြေပမာ သဲ့သဲ့လေးနှင့် ထိရောက်စွာ လှုပ်ခတ်နေလျက်.....။
ကားဂိတ်သည်အိမ်နဲ့အနည်းငယ်ဝေးသည်။
"ကားဂိတ်ကလည်းဝေးနေရောပဲ နောက်ဆို စောစောထွက်လာရမယ် ရင်တေတုန်တာ"
လမ်းထိပ်ရောက်တော့အပြာေရာင်ကော်ဖီဆိုင်လေးအား မြင်လိုက်ရပြန်သည်။
"ဒီမာကော်ဖီဆိုင်ရှိကိုမေ့နေတာပဲ၊အတော်ပဲနေ့တိုင်း ကော်ဖီဖျော်တဲ့အလုပ်လုပ်စရာမလိုတော့ဘူး"
ကော်ဖီဖျော်ပျင်းတာမဟုတ်ပဲ ရေနွေးအိုးစောင့်ရတာပျင်းခြင်း၊ကျက်ရင်လည်း သွားဖြုတ်ရသေး ထိုင်လိုက်ထလိုက်နဲ့ စာဖတ်ရတာလုံးဝအဆင်မပြေပါ။
YOU ARE READING
🍂ချစ်ခဲ့ရပါသော🍂
Romanceပုံရိပ်ငယ်အား ရစ်မူးခဲ့ရတာ ကျွန်တော်ပါ မင်ရယ်~~💜🌸 ------------------------------------------------------ ပုံရိပ္ငယ္အား ရစ္မူးခဲ့ရတာ ကျွန်တော်ပါ မင်ရယ်~~💜