RainDrops to Love 3 or final

8 4 3
                                    


Practicalပြီး၍ အခန်းထဲတွင် ကွေးနေစဥ် အပြင်မှမိုးများသည်းထန်းစွာရွာချနေသည်။
အခန်းဖော်မှာလဲ အိပ်ပျော်၍ပင်နေလေသည်။ ဓာတ်ပုံလေးတစ်ပုံကိုသတိလက်လွတ်ဆိုသလိုထုတ်ကြည့်မိလိုက်သည်။
20--ခုနှစ်လူရည်ချွန် ဟုသောဓာတ်ပုံနောက်မှစာလေးမှာမှိန်ဖျော့ဖျော့.။
ထို့နောက်သူ့အမေပို့ပေးလိုက်သောသူ၏ဆယ်တန်းအမှတ်စာရင်းစာရွက်မိတ္တူ... ။
ထို့နောက်သူ့အတွက်ဂုဏ်ပြုလက်ဆောင်အနေဖြင့် အဆောင်အသုံးစရိတ်မှဖဲ့ပြီး နာရီတစ်လုံးဝယ်ပို့ပေးခဲ့စဥ်က ဘောင်ချာစာရွက်အပိုင်းအစ...။
ဒါဟာပက်သက်ခဲ့ဖူးတဲ့နှစ်နှစ်တာအတွက်ရှိရှိသမျှ၊အရာထင်သမျှအကုန်ပါပဲ။

"အမလေး ဒေါ်ယမင်းသော်.."

ဘေးအခန်းမှသူငယ်ချင်းကအခန်းပေါက်ဝတွင်ဘယ်ချိန်တည်းကရောက်နေသည်မသိ။
အလျင်စလိုပျာယာခတ်စွာမော့ကြည့်လိုက်တော့ ဒါတွေပဲ ကြည့်နေပြန်ပြီဆိုသည့်
အကြည့်နှင့် ရင်ဆိုင်တိုးလေသည်။

"ဟီးဘာကိစ္စရှိလို့ပါလဲရှင့်ဘေးအခန်းကအစ်မကြီး" ရယ်ပြရင်းပြောတော့
"နင်တို့ကွေးနေမယ်ဆိုတာသိလို့ မုန့်မှာစားကြမလားလို့အဖော်လာစပ်တာ"
ညနေစာစားချိန်တောင်ရောက်တော့မည်ပင်ဖြစ်သည်ကိုခုမှသတိထားမိသည်။
"ဘာစားမှာလဲ"
"မိုးအေးအေးဆိုတော့ ဖက်ထုပ်ပြုတ်ဒါမှမဟုတ်ကြေးအိုး နင်တို့နှစ်ယောက်နဲ့ပေါင်းမှာရအောင်လို့ ဘက်ဂျက်ကလကုန်ခါနီးပြီဆိုတော့ဟဲဟဲ"
ပြောရင်းဆိုရင်းခြေပစ်လက်ပစ်အိပ်နေသောအခန်းဖော်ကိုဝင်နှိုးလေတော့သည်။
အိပ်ချင်မူးတူးဖြင့်ထလာသောအခန်းဖော်မှာ အားလုံးကိုကြားသိပြီးသည့်အတိုင်းပင်
"ကြိုက်တာမှာကြ"ဟုပြောကာပြန်အိပ်နေပြန်သည်။
"ဟဲ့ငါတို့ခေါက်ဆွဲ ပြုတ်ပဲစားကြမလား အပြင်ကခုချိန်သွားလို့ရနေပါပြီ ဟိုမှာမိုးတောင်ဖွဲဖွဲလေးပဲကျတော့တာ"
"အင်းဦးထုပ်တော့ဆောင်းရမယ်ထင်တယ်သွားယူလိုက်ဦးမယ်"ဟုဆိုကာ
ထွက်သွားသောကြောင့်
အိပ်နေသောအခန်းဖော်မလေးကို ရအောင်နှိုး၍ အပြင်ထွက် လိုအပ်တာများဝယ်ရန် ပြင်ရတော့သည်။
ဟူဒီအနက်ရောင်နှင့်ဘောင်းဘီအထူအကားကြီးမှာ လိုက်ဖက်လွန်းသည်ဟု တွေးမိပြီး
မိမိကိုယ်ကိုပြုံးမိသည်။
အပေါ်တွင်တစ်ခုတည်းသော ဦးထုပ်ကိုငိုက်ငိုက်ဆောင်းလိုက်လေသည်။
ဒီပုံစံနဲ့အဆောင်နားကောကျောင်းထဲကောပတ်သွားလဲ အေးဆေးအအေးမမိနိုင်တော့ပေ။
ဦးထုပ်ကိုယ်စီကိုခပ်ငိုက်ငိုက်ဆောင်းကာ ''ကျောင်းဂျပိုးစီနီယာမမများသည် ညနေစာရှာပုံတော်ထွက်ကြလေသည် ''ဟုအသံနေအသံထားဖြင့်ပြောကာ အဆောင်ဝန်းထဲမှခြေလှမ်းစလှမ်းခဲ့ကြသည်။
ပြောပြီးမှသုံးယောက်သားတစ်ခွီခွီပင်ဖြစ်နေတော့သည်။ "ဆေးကျောင်းရဲ့ဆလပ်ရှင်ဝင်တဲ့အချောလေးများပါဗျား"ဟု အခန်းဖော်ကအားကျမခံအော်ပြန်သည်။
မိုးဖွဲဖွဲလေးများကျနေပြီးရေအိုင်ငယ်လေးများဟိုတစ်ကွက်သည်တစ်ကွက်ထနေသော လမ်းမကြီးပေါ်တွင် ပြောကာဆိုကာအော်ကာနှင့် တစ်ခါတရံရေအိုင်ထဲ ခုန်ချဆော့နေကြသော ဆေးတက္ကသိုလ်ကျောင်းသူကြီးများပါ။
ထို့နောက်စတိုးဆိုင်သို့ရောက်၍ဝယ်စရာရှိတာများဝယ်ရင်း အပြင်ထွက်လိုက်သောအခါ ဘယ်ချိန်တည်းကမြင်၍လိုက်လာမှန်းမသိသော တစ်ဖက်ယောက်ျားလေးဆောင်မှအခန်းဖော်၏ ကောင်လေးကိုတွေ့လိုက်ရသည်။
"ကဲအဲ့တော့ငါတို့ကခေါက်ဆွဲပြုတ်နှင့်ရမှာလား အတွဲ ပြုတ်ရမှာလား"ဟုမေးတော့ အတွဲအရင်ပြုတ်ဟုဆိုကာ သူမသည် ကောင်လေးနှင့်တူနှစ်ကိုယ်ယှဥ်တွဲကာရှေ့မှလျှောက်သွားလေသည်။
အတွဲချိန်းတွေ့တာကိုစောင့်ရဦးမည်ဆိုတော့အဆောင်ထဲ ပြန်မဝင်ပဲ မိုရွာထားသောလမ်းမပေါ်တွင် ဟိုလျှောက်သည်လျှောက်လုပ်နေရတော့သည်။
ထိုအချိန်ထိတစ်ချိန်လုံးနောက်ကလိုက်နေသောသူ့ကိုမူသတိမထားမိကြ။
လက်ကနာရီကိုငုံ့ကြည့်မိတော့မြန်မာပြည်ထဲခြေ ချမိတာ နှစ်နာရီနဲ့မိနစ်သုံးဆယ် သူမ ကိုတွေ့ရသည်ကား မိနစ်သုံးဆယ်မျှသာရှိသေးသည်။
အစ်မလေးမှာအရပ်ကလေးတစ်လက်မလောက်တောင်ပိုမထွက်လာပဲ အရင်တိုင်းချစ်စရာကောင်းနေဆဲ ။
ထို့ပြင် ပိုရှည်လာသောဆံပင်များ၊ သိသိသာသာလှလာသောမျက်နှာလေး ၊ အရာရာလှပသည်ထက်လှပနေသည့်သူမ။
ချက်ချင်းပြေးတွေ့ချင်လွန်း၍လေဆိပ်မှအပြေးလာခဲ့သော်လည်းတကယ်တမ်း
တွေ့ရမည်ဟုထင်မထားသောကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိ။ မျက်နှာချင်းဆိုင်တွေ့ဖို့အားအင်မရှိပါ။
အစ်မသေးသေးလေးက စိတ်များဆိုးနေမလား။
ဒီတိုင်းတကယ်ပဲ ပြန်သွားသင့်ရဲ့လား။
မထူးပါဘူးဆက်ကြည့်နေလိုက်ဦးမယ်ဆို ဆုံးဖြတ်ကာ ကြည့်နေလိုက်မိသည်။
အစ်မသေးသေးလေး၏ဘေးမှ အစ်မသည် အစ်မသေးသေးလေးနှင့်အတူစကားတွေပြောရင်းတစ်ခါတစ်ခါသီချင်းဆိုသံလဲ ကြားရလေသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 07, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

RainDrops to LoveTempat cerita menjadi hidup. Temukan sekarang