Part-1🔥

1.4K 187 36
                                    

Homeမိန်းကလေးမိဘမဲ့ကျောင်းရဲ့ မနက်ခင်းလေးကတော့ 7နာရီမှာကျောင်းတွင်ရှိသောကလေးအားလုံးအိပ်ရာထရလေ့ရှိပါတယ်။

Lisaလည်းကျောင်းခေါင်းလောင်းသံကြောင့်နိူးလာပီး ကုတင်အောက်ထပ်ကိုဆင်းလာကာ အိပ်ပျော်နေဆဲဖြစ်သူChaeကိုနိူးပါတော့သည်။

"Chae...Chae...Yarrr...Park Chae Youngထတော့လို့...."

Lisaကအော်သံဖြင့်နိူးနေသော်လည်းChaeကတော့ခေါင်းမြီးခြုံထဲကနေတုတ်တုတ်မျှမလှုပ်တာကြောင့် ဘေးကုတင်တွင်အိပ်ရာသိမ်းနေတဲ့Jenကတော့ ပြုံးလိုက်မိတယ်။

"Liliရယ် Chaeကိုအဲ့လိုနိူးရင်ဘယ်တုန်းကထလို့လဲ.."

Jenအပြောကြောင့်Lisaကဆူပုတ်ကာ..

"Niniကလည်း သူကအမြဲတမ်းအဲ့လိုလုပ်နေလို့ Liliတို့မနက်စာစားဖို့နောက်ကျနေရတာကို...."

"ဟုတ်ပါပြီ Liliမျက်နှာအရင်သွားသစ်ပြီး မနက်စာစားတဲ့အဆောင်ကစောင့်နေလိုက်နော်။ ChaeကိုNiniနိူးလာခဲ့မယ်..."

"အင်း.. ပြီးရော..."

ကုတင်ပေါ်ကနေဆင်းကာတဘတ်ကိုခြုံပြီး Chaeရှိရာကုတင်ဖက်ကိုမျက်စောင်းထိုးကာ ရေချိုးခန်းဖက်ကိုLisaထွက်သွားတော့တယ်။Jenကတော့အိပ်ရာသိမ်းပြီးနောက်ခေါင်းမြီးခြုံထားတဲ့Chaeစောင်ကိုခပ်ဖွဖွလေးဖယ်လိုက်ကာ...

"Chaeလေးရေ ထတော့နော်။ထပ်အိပ်‌ေနရင်မနက်စာမကျန်ပဲနေလိမ့်မယ်...."

Jenနိူးမှသာအမြဲတမ်းထတတ်တဲ့Chaeကချက်ချင်းပဲမျက်လုံးဖွင့်လာကာ....

"ဟေး ထပြီ"

"နိုးနေတာကို မထပဲနော် အဟွန်း"

Jenပြုံးလိုက်ကာChaeကိုပြောပြီးစောင်တေခေါက်ပေးနေတာကြောင့်ChaeကJenကိုနောက်ကနေဖက်လိုက်သည်။

"Jenသိရဲ့နဲ့ Chaeကအဲ့လောရှည်ကောင်နိူးရင်ဘယ်တုန်းကထလို့လဲ Jenလိုညင်ညင်သာသာတစ်စက်မှမရှိဘူး ဟွန့် အကြီးကိုများ အော်ကြီးဟစ်ကျယ်နဲ့ကို..."

"ဟုတ်ပါပြီ အခုကခုထတော့နော် မျက်နှာသွားသစ်ပြီးရင်မနက်စာစားဖို့သွားရအောင်"

"Nae..."

လက်တွဲကာရေချိုးခန်းရှိရာဖက်သို့Jenနဲ့Chaeထွက်လာလိုက်တယ်။

I Hate U But I Love U So MuchWhere stories live. Discover now