Part-2🔥

1.1K 166 23
                                    

Jenနဲ့Chaeအထက်တန်းတတိယနှစ်ရောက်တဲ့အချိန်မှာတော့ကျောင်းကပြန်လာတဲ့ Jenကမာသာကို....

"မာသာကို Jenခွင့်တောင်းစရာရှိလို့ရှင့်..."

အထူးအဆန်းစကားနည်းတဲ့ Jenက ခွင့်တောင်းစရာရှိလို့ ဆိုပြီးစကားစလာတာကြောင့်မာသာက အံ့သြသွားသလို ပြုံးလိုက်မိသည်။

"ပြောလေ Jenလေး မာသာကို ဘာခွင့်တောင်းမလို့လဲ."

"ဟို...ဟိုလေ..."

"ရဲရဲပြောပါ Jenလေးရဲ့ ဘာလဲအတန်းကြီးလာတော့ ကျူရှင်ယူချင်လို့လား..."

"အာ့ အာညီး Jenပြောချင်တာကလေ ဟို Jen အ အချိန်ပိုင်းအလုပ်လုပ်ချင်လို့..."

Jenစကားကြောင့် Chaeနဲ့မာသာက အံ့သြသွားကာChaeကJenကိုကြည့်ပြီးမေးလိုက်သည်။

"Unnieက ဘာလို့ အချိန်ပိုင်းအလုပ်လုပ်ချင်ရတာလဲဟင်..."

"Jenလေး ဘာအတွက်ပိုက်ဆံလိုလို့လဲ။ မာသာကိုပြောလေ မာသာပေးမှာပေါ့...."

"Gomarwae မာသာ... ဒါပေမယ့်Jenကိုယ်ပိုင်ပိုက်ဆံနဲ့ Liliလိုချင်တဲ့ Cameraလေးကိုဝယ်ပေးချင်လို့ပါ.."

Jenစကားကြောင့် မာသာကပြုံးလိုက်ပြီး Chaeကတော့ နှုတ်ခမ်းဆူကာ...

"Unnieက အဲ့လူဇိုးကောင်ကို တစ်အားတေွအလိုလိုက်နေ...မပြောချင်ဘူး...."

"အဲ့လိုလည်းမဟုတ်ပါဘူး Chaeလေးရယ်။ Unnieအလုပ်လုပ်ချင်တာက Chaeလေးအတွက်လဲပါပါတယ်..."

"ဟွန့် အပိုတွေ။  Unnie ကအဲ့ကောင်စုတ်ကို Chaeထပ်ပိုချစ်တာ Chaeသိသားပဲ...."

Jenနဲ့Chaeပြောနေတဲ့စကားတွေကြောင့် မာသာကပြုံးပြီး Jenကိုမေးလိုက်သည်။

"Jenလေးအလုပ်လုပ်ချင်တာ သေချာရဲ့လား..."

"Nae...မာသာ...."

"ကောင်းပြီလေ။Jenလေးကအလုပ်လုပ်ဖို့ကိုစိတ်အားထက်သန်နေတော့ မာသာခွင့်ပြုပေးပါမယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်..."

"Nae...ပြောပါ မာသာ..."

"အလုပ်လုပ်တာက လုပ်ပါ။အဲ့တာကိုမာသာမပြောပါဘူး။ဒါ‌ေပမယ့်ကျောင်းစာကိုထိခိုက်တဲ့အထိ Jenအလုပ်လုပ်တာကိုတော့ မာသာ ခွင့်မပြုပေးနိူင်ဘူးနော်...."

I Hate U But I Love U So MuchWhere stories live. Discover now