Part-3🔥

1.3K 172 28
                                    

Jenကိုဖက်ထားတဲ့Lisaကြောင့် အခုန်မြန်နေတဲ့ရင်ခုန်သံတေကို Lisaကြားသွားမှာစိုးရိမ်ကာJenက Lisaပါးလေးကို ညစ်လိုက်ရင်း...

"အာ့ဂူး ဟုတ်ပါပြီ Niniကလဲ Liliကိုချစ်ပါတယ်ရှင့်.."

"Omm...Niniချစ်တာကို Liliသိသားပဲ။ ဘာလို့ဆိုတော့ Liliကကျောင်းမှာSKBSလေ...."

မေးစေ့ကို ပွတ်ကာပြောနေတဲ့ Lisaစကားကြောင့်ဘေးက Chaeကနေမေးလိုက်သည်။

"ဟမ် SKBSကဘာကြီးတုန်း ….SKBပဲကြားဘူးပါတယ် ဟယ် နင့်ကျမှ ဘယ်လိုဖြစ်ပြီး SKBSတုန်း...."

"မသိဘူးမလား...ဒါကဒီလိုလေ Liliကိုကျောင်းမှာ ကောင်လေးတွေရော၊ ကောင်မလေးတွေကရော လာလာပြီး ကြိုက်ကြလို့ နှစ်မျိုးလုံးပေါင်းပြီး SKBSလို့ပြောလိုက်တာ ဟီး ဟီး...."

Lisaရဲ့ ပြုံးစိစိနဲ့ရှင်းပြနေတဲ့စကားကြောင့် JenလဲခုမှLisaကိုသေချာကြည့်မိတော့ မျက်နှာလေးကBaby Face... အရပ်ကြီးကရှည်လာသလို ဆံပင်ကဂုတ်ထောက်နေပေမယ့် Boy Typeကိုသွားနေကာလည်ပင်းကလည်စိလေးပါထွက်နေတာကြောင့် Lisaပြောသလို ယောကျ်ားလေးရော၊မိန်းကလေးရော သဘောကျမယ့်ပုံစံကိုရောက်နေတာကို တွေ့လိုက်ရပြီးခေါင်းငြိမ့်လိုက်မိသည်။

"Ommနော် Liliက ကလေးပုံစံဆိုပေမယ့်ဒီနှစ်ထဲကျမှ အရမ်းထွားလာတာနော်။အရပ်ကြီးကပါရှည်လာပြီး ချောလာတော့ ကျောင်းကသူတွေကကြိုက်ကြမှာပေါ့..."

Jenစကားကိုမာသာကပါထောက်ခံကာဝင်ပြောလိုက်လေသည်။

"ဟုတ်ပ့ါကွယ် မာသာရဲ့ကလေးလေးတွေ အရွယ်ရောက်လာကြပြီပဲ ...."

"Nae...Liliခုလို ကောင်းကောင်းမွန်နဲ့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မာသာကို Liliကကျေးဇူးအများကြီးတင်ပါတယ်..."

မာသာကတော့Lisaကိုပြုံးပြလိုက်သည်။

"ဟုတ်ပါပြီကွယ်။ မာသာကသာကလေးတို့ကို ကျေးဇူးတင်ရမှာ။ကျောင်းမှာတော့ Jenတို့သုံးယောက်က အလိမ်မာဆုံးပဲလေ..."

"Nae...မာသာ..."

သုံးယောက်စလုံးကမာသာကိုပွေ့ဖက်လိုက်တာကြောင့် မာသာကပြန်ပွေ့ဖက်လိုက်တော့သည်။

I Hate U But I Love U So MuchWhere stories live. Discover now