( Unicode )
နေ့လယ်စာအဖြစ် ပွယောင်းနေသောခေါက် ဆွဲပြုတ်အား နှစ်ယောက်အတူတူစားပြီးတဲ့နောက်မှာ ဘတ်ခ်ဟျွန်းတို့ဆေးရုံကိုပြန်ရောက်လာခဲ့၏။
အစ်ကိုကြီးလည်း ဘတ်ခ်ဟျွန်းတို့နဲ့လိုက်လာခဲ့ပြီး ဆေးရုံရောက်တော့မှ ဘတ်ခ်ဟျွန်းကိုထားခဲ့ပြီး ချန်းယောလ်နှင့်အပြင်ပြန်ထွက်သွားခဲ့တာ နှစ်နာရီတောင်ခွဲသွားခဲ့ပြီ။
အရေးပေါ်အခန်း၏မှန်အပြင်ဖက်မှာထိုင်နေတဲ့ ဘတ်ခ်ဟျွန်းနားကိုချန်းယောလ်နှင့်အစ် ကိုကြီးတို့ ရယ်ရယ်ပြုံးပြုံးဖြင့်ရောက်လာခဲ့သည်။
" ညီ .. မေမေနဲ့လူချိန်းပြီးပြီလား "
" ချိန်းပြီးသွားပြီ၊ ဆရာဝန်ကမနက်ဖြန်တော့ရိုးရိုးနှလုံးကုသဆောင်မှာသွားနေလို့ရပြီပြောတယ် "
အစ်ကိုကြီးက မတ်တပ်ရပ်ရင်း မှန်အထဲက ဖေဖေတို့ကိုလှမ်းကြည့်နေ၏။ ချန်းယောလ် ကတော့ ဘတ်ခ်ဟျွန်းဘေးမှာကပ်ထိုင်လာသည်။
" ဘယ်ကပြန်လာတာလဲ "
နှစ်ယောက်စလုံးရဲ့ပုံစံကို မူမမှန်ဘူးလို့ခံစား နေရသလို မျက်လုံးတွေကပါရီဝေဝေဖြစ်နေသည့်အပြင် အနားထိုင်နေတဲ့ချန်းယောလ်ဆီကပါ လောလောလတ်လတ်သောက်ထားတဲ့ဆေးလိပ်နံ့ပြင်းပြင်းကို ဘတ်ခ်ဟျွန်းအနံ့ခံရ ရှိနေသည်။
" နည်းနည်းပါးပါးသောက်လာတာ .. အစ်ကိုက သူဝယ်တိုက်မယ်ဆိုလို့ "
အစ်ကိုကြီးက လေတချွန်ချွန်ဖြင့်သူဘာမှမသိဘူးဆိုသည့်ပုံစံနှင့်အပြင်ထွက်သွားသည်။
ဘတ်ခ်ဟျွန်းဒေါသကိုသိသည့်ချန်းယောလ် ကလည်း ငြိမ်သက်စွာနေပေးခြင်းဖြင့်အပြစ် ဒဏ်ခံယူနေရသည်။ ယခု ဘတ်ခ်ဟျွန်းဆိုတဲ့ တရားသူကြီးထံအယူခံဝင်ရမယ့် အမူကတော့ အရက်နှင့်ဆေးလိပ်ခိုးသောက်လာခြင်းဖြစ်၏။
" ပတ်ခ်ချန်းယောလ် "
" မှားသွားပါတယ်၊ အစ်ကိုနဲ့တွေ့တုန်းလေး သောက်မိတာပါ "
ပါးဆောင်ထဲထည့်ထားတဲ့ ပီကေကိုထုတ်ဝါးရင်း ပေါ့ပျက်ပျက်ပြောနေတဲ့ချန်းယောလ် ကြောင့် ဘတ်ခ်ဟျွန်းစိတ်တွေတိုပြီးရင်းတိုလာရသည်။ မကြိုက်တာကိုလုပ်ပြနေတာလောက်မုန်းတာမရှိဘူး။
YOU ARE READING
After We Broke Up [ COMPLEDED ]
FanfictionIn the end I'll always come running back to you, not because I'm weak but because I'm fell in love with you. Pairing - CHANBAEK Start - 31.12.2021 End - 16.1.2022