[13]

2.5K 392 46
                                    

( Unicode )

လေယာဥ်ဆင်းတော့မှာဖြစ်တာကြောင့်ဘတ်ခ်ဟျွန်းတစ်ယောက် ထိုင်မရ၊ထမရဖြစ်ပြီးစိတ်ဂဏာမငြိမ်ဖြစ်နေသည်။

အကြောင်းရင်းကတော့ ချန်းယောလ်နှင့်တွေ့ရတော့မှာပါလားဆိုတဲ့ စိတ်ခံစားချက်လေးကြောင့် ရင်ထဲဖြစ်ပေါ်လာတဲ့ကြည်နူးခြင်းတွေက ထိန်းမရသိမ်းမရဖြစ်လို့နေ၏။

ဘေးနားမှာအတူထိုင်နေတဲ့ပိုင်ကတော့နား ကြပ်တပ်ပြီး လောကကြီးကိုအဆက်သွယ် ဖြတ်ကာ တစ်ယောက်တည်းအေးရာအေး ကြောင်းငြိမ်သက်နေလေသည်။

သိပ်မကြာလိုက်၊ပြေးလမ်းပေါ်သို့ဆင်းသက်သွားပြီဖြစ်တဲ့လေယာဥ်ကြောင့် ခရီးသည်တွေအားလုံး သူသူ၊ကိုယ်ကိုယ်ဆင်းသွားခဲ့ကြသလို ပိုင်နှင့်ဘတ်ခ်ဟျွန်းကလည်းလာ ကြိုပေးမယ့်သူတွေကို အပူတပြင်းရှာဖွေရ၏။

ခရီးမသွားခင်တည်းက ဘတ်ခ်ဟျွန်းကိုလာကြိုပေးမယ့်သူရှိတယ်ဆိုတာ ပိုင့်ကိုကြိုတင်ပြောထားပြီးသားဖြစ်သည်။

ခရီးဆောင်အိတ်လေးကိုတွန်းရင်း ပတ်ဝန်း ကျင်ကို အကဲခတ်နေတုန်းမှာပဲ တွေ့ပါပြီ။ ကော်ဖီအေးဘူးလေးကိုကိုင်ကာ စောင့်ကြိုနေတဲ့ ချစ်ရသူလေး၏ ပြုံးရွှင်နေတဲ့မျက်နှာချောချောလေးကိုမြင်သည်နှင့် ဘတ်ခ်ဟျွန်း အပြေးလေးသွားမိသည်။

" မောင် တကယ်လာကြိုတာပဲ၊ အတန်းချိန် ရှိတယ်မဟုတ်ဘူးလား "

" တစ်ရက်လောက်ပျက်လည်း စာမေးပွဲကျမသွားပါဘူး ခင်ဗျားရာ "

ချန်းယောလ်အသံတို့က အရင်တုန်းကလိုပဲ ဘတ်ခ်ဟျွန်းအပေါ်နွေးထွေးနေဆဲ။အကြည့် တွေက ရင်ဖိုလှိုက်မောဖို့ကောင်းနေဆဲ။ပိုပြီး ကြည့်ကောင်းလာသယောင်ထင်ရတဲ့ချန်းယောလ်၏ ခန္ဓာကိုယ်က ယခင်ထက်နှစ်ဆနီး ပါးလောက်ကြီးမားလာသလိုပင်။

" ပိုင် .. ကျွန်တော်သူနဲ့လိုက်သွားပြီနော် "

ခပ်လှမ်းလှမ်းက ပိုင့်ကိုနှုတ်ဆက်နေတာကို မမြင်ချင်ယောင်ဆောင်ပြီး အကြည့်လွှဲထား သူကတော့ ချန်းယောလ်ပေါ့။

ဘယ်ဘဝက အငြိုးတွေရှိနေသလဲမသိရပေမယ့် ပိုင်ဆိုတဲ့သူကိုမြင်တာနဲ့ နှုတ်နှုတ်စင်းပြစ်ချင်လောက်အောင် မကျေနပ်တာပဲသိသည်။ အထူးသဖြင့် ဘတ်ခ်ဟျွန်းနဲ့အတူတူ တွဲမြင်နေရတဲ့အခြေအနေမျိုးမှာပေါ့။

After We Broke Up [ COMPLEDED ]Donde viven las historias. Descúbrelo ahora