Going back or give up
လရောင်အောက် လမ်းမီးတိုင်အောက်တွင် လမ်းလျှောက်နေသော အသက်၂၀အရွယ် လူငယ်လေးတစ်ဦး။
အနက်ရောင်ဆံပင်အုပ်အုပ်ကလေးများက မျက်နှာပေါ်ဝဲကျနေသည်။နုနယ်ပျိုပျစ်မူတိုနှင့်အတူ ခပ်နွမ်းနွမ်းဟန်ပန်က မျက်နှာပေါ်တွင် အထင်သားပေါ်နေသည်။ပန်းရောင်ခေါက်ဖုန်းလေးကို ထုတ်ရင်း
"အမေ..အင်း..သား အိမ်ပြန်လာမှာ..အဆောင်မှာ မအိပ်နိုင်ဘူး။Namjoonက တအားဟောက်တယ်..အင်း"
ပြောစရာစကားဆုံးသွားသည်နှင့် ဖုန်းကိုချလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲကောက်ထည့်လိုက်သည်။mp4စက်ကလေးကိုထုတ်ကာ နားကြပ်ကြိုးတပ်လိုက်ပြီး သီချင်းစာသားများကို ကျက်မှတ်နေလိုက်သည်။သီချင်းကျက်နေရင်းက ကကွက်များကိုပါ စိတ်ထဲပုံဖော်ကြည့်မိနေပြန်သည်။
တကယ်တော့ အကနည်းပြ၏ကကွက်များ၊Hobi၏သင်ပြမှုများကို စိတ်ကူးထဲတွင် အရင်ဆုံးလိုက်ကမှတ်သားလေ့သည်။ထို့နောက် တစ်ယောက်တည်း လေ့ကျင့်ယူမှသာ သူ့အတွက်အဆင်ပြေသည်။သို့သော် တခြားလူများက သင်ယူမှုနှေးသည်ဟု မှတ်ချက်ချကြသည်။
ထို့အတွက် အထွေအထူးဖြေရှင်းစရာစကား သူ့မှာမရှိ။
ကိုယ်ကြိုးစားမှု ကိုယ်သာသိရန်လိုအပ်သည် မဟုတ်ပါလား။
သို့သော်.....
တင်းထားသည့်ကြားက စိတ်ညစ်ညူးမှုက ပြူထွက်လာသည်။
အဖွဲ့ကထွက်လိုက်ပြီး အဖေနဲ့အတူတူအလုပ်လုပ်ရင်ရော....
လမ်းမပေါ်က ခုံတန်းလျားပေါ်တွင် ထိုင်ချလိုက်ပြီး တစ်နေ့လျှင် အကြိမ်များစွာ တွေးတောနေကြအတိုင်း ကုမ္ပဏီအလုပ်လုပ်ဖို့ ဒါမှမဟုတ် သရုပ်ဆောင်လုပ်လိုက်ဖို့ကို ထိုင်တွေးနေမိလိုက်သည်။
တွေးနေရင်းက သူမသိလိုက်မိခင်မှာပင် သီချင်းစာသားများကို သူအလွတ်ရသွားလေတော့သည်။
မနက်
အိမ်မှအဆောင်ကို ရောက်ရောက်ချင်း အခန်းရှေ့တွင် အိပ်မှုန်စုံမွှားနှင့် ငြိမ်ငြိမ်လေးထိုင်နေသော Jungkookကိုတွေ့လိုက်ရသောကြောင့် အိမ်မှယူလာသော မုန့်များကို ထိုးပေးလိုက်လေသည်။