"J..J..Jun..Jungkook"
ဟား....ဟား....အိမ်မက်မက်နေတာပဲ...
ကြာလိုက်တဲ့ အိပ်မက်ကွာ......အိပ်မက်ဆိုးမက်တိုင်း လုပ်နေကျအတိုင်း လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး အိပ်မက်က နိုးအောင် ဒါမှမဟုတ် ဒီအိပ်မက်မဟုတ်တဲ့ နောက်အိပ်မက်တစ်ခုကိုမက်ဖို့ သူအားကုန်သုံးပြီး ကီးသွင်းလိုက်သည်။
"ဘွတ်"ခနဲသာ အောက်ဘက်က လေလည်သွားသည်။
တက်တူးကြီးနဲ့ Jungkookက သူတွန်းချထားတဲ့ ကြမ်းပြင်ပေါ်ကနေ သူ့ကို မျက်လုံးပြူးပြီးကြည့်နေတုန်း။
သူ့ပါးသူ နာနာရိုက်လိုက်သည်။
ပြူးကြည့်နေတုန်း။
လက်ဖျံကို လိမ်ဆွဲကြည့်သည်။
အားလားလား....နာတယ်။
ငိုမဲ့မဲ့ကလေးဖြစ်လာပြီး အိပ်မက်မဟုတ်တာ လက်ခံရတော့မလိုပဲ။
တက်တူးကြီးနဲ့ Jungkookက မတ်တပ်ရပ်လာသောအခါ သူခေါင်းနားပန်းများကြီးသွားပြီး ဦးနှောက်များချာချာလည်သွားသည်။မနေ့ကတွေ့ခဲ့သည့် ရှက်ကိုးရှက်ကန်းနှင့် မျက်လုံးအပြူးသားဖြင့် သူလုပ်သမျှလိုက်လိုက်ကြည့်နေတတ်သော Jungkookက
အခု
"Hyung.!!"
အပေါ်ပိုင်းဗလာဖြင့် သူ့အနားတိုးလာသော ထိုသူကို လက်ကာပြရင်း
"နောက်ဆုတ်...ခဏလေး..."
Jungkookကလေ...သူတို့အဖွဲ့က အငယ်ဆုံးလေးကလေ...
Tattooထိုးထားသောလက်..
ဖွံ့ထွားသောရင်အုံနှင့်အတူ လိုက်ဖက်လှစွာ သေးသိမ်နေသောခါး။ပြီးတော့ သူ့မျက်လုံးများက ချက်အောက်ဘက် တစ်နေရာသို့အရောက်
သူ့မျက်နှာကို သူ့လက်ဖြင့်ခပ်နာနာရိုက်ရင်း
စိတ်ထိန်းစမ်း..ဘယ်လိုလုပ် Jungkookဖြစ်နိုင်မှာလဲ။အိပ်မက်မဟုတ်ရင်......သူ့အဖေ...မဟုတ်သေးပါဘူး။သူ့အဖေ ငါမြင်ဖူးတာပဲ.....သူ့အကိုလား။ဒါဆို ဘာလို့ ငါ့ကို Jin Hyungလို့ခေါ်တာလဲ။
"အဟမ်း..အဟမ်း....အာ....အာ...ဘယ်သူလဲ ခင်ဗျား"
ပထမတော့ ထိုလူကြီး၏မျက်လုံးများ အံ့ဩဟန်ပြူးကျယ်သွားသည်။
ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားလေဟန် မှေးစင်းသွားသည်။