အနက်ရောင် ချိုင်းပြတ်အင်္ကျီက ကိုယ်နှင့်fittingချထားသလို ချပ်ရပ်နေသည်။ပိန်သွယ်သွားသော သူ့လက်မောင်းကို လက်ညိုးလက်မဖြင့် ဖြစ်ကြည့်ပြီး ပျောက်ဆုံးသွားသည့် လက်မောင်းကြွက်သားအတွက်မနှစ်မြို့သလို နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ဒီနှစ်တွေမှာ သူလေ့ကျင့်ခန်းမလုပ်ဖြစ်တော့ဘူးလား......
ထိုစဉ် ကြွက်သားအဖုဖုနှင့် Jungkookပုံရိပ်က မျက်လုံးထဲပေါ်လာသဖြင့် ခေါင်းကိုခါရမ်းလိုက်သည်။
ဒီမလောက်လေး မလောက်စား ပိစိလေးကတောင် Bodyဒီလောက်တောင့်လာတာ ဒီနှစ်တွေထဲ မင်းဘာလုပ်နေတာလဲ Kim Seokjinရဲ့.....
မကျေမချမ်းတတွတ်တွတ်ရွတ်ရင်း တမြန်မနေ့က onlineမှ မှာထားသော သားရေဂျာကင်အနက်ရောင်ကို ကိုယ်ပေါ်လွမ်းလိုက်သောအခါ အသက်၂၉နှစ်အရွယ် Kim Seokjinမဟုတ်တော့ပဲ လွန်ခဲ့တဲ့၁၀နှစ်ကျော်က ခပ်မိုက်မိုက်Kim Seokjinပုံ ပြန်ပေါ်လာသည်။
အဝတ်ဗီရိုထဲက ရောင်စုံပုံတုံး Tracksuitများကို တစ်ချက်သာ ကြည့်ပြီး ဗီရိုကို ဆောင့်ပိတ်လိုက်သည်။ဒါတွေကို ငါဝတ်ခဲ့တာ ...ဟွင့်.....ပေါတောတောနဲ့...
အခန်းထဲက မှန်တင်ခုံရှေ့သွားပြီး မနေ့ကညှပ်ထားသော ဆံပင်များကို ခေါင်းလိမ်းဆီဖြန်းရင်း ခုံပေါ်က စတီးချိန်းကြိုးလက်ပတ်ကို ဝတ်ဆင်လိုက်သည်။
Jungkookလက်တွင် ကြည့်ကောင်းနေခဲ့သော ချိန်းကြိုးက သူ့လက်တွင် အတော်ပင်ကြီးနေသည်ကို သတိထားမိသည့်အတွက်"ရှီး.....ပဲ"
ခပ်ကျယ်ကျယ်ဆဲရေးရင်း တဖက်ကို လှည့်လိုက်သည့်အခါ အခန်းဝတွင် တအံ့တဩဖြစ်နေသော Namjoonကို တွေ့လိုက်ရသဖြင့် မေးငေါ့ပြလိုက်သည်။"Hyungnim...."
သူနဲ့မှ လာတိုးတယ်...သေစမ်း....
"Hyungnim...ဘယ်သွားမလို့လဲ"
စိတ်အေးအေးထား Seokjin....
"သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ အပြင်သွားဦးမယ်"
"ဒီပုံစံကြီးနဲ့..."
မျက်ခုံးတစ်ဖက်ကို တွန့်ချိုးထားရင်း
ဘာလား..ဒီကောင်က..