စိတ်ညစ်ညစ်ဖြင့် ထိုင်နေရတာ ကြာလှပေါ့
ထိုင်ရညောင်းလာသောအခါ မတ်တပ်ထရပ်လိုက်ဖို့ စိတ်မကူးပဲ ပက်လက်ပစ်လဲပစ်လိုက်ချင်သည်။ဘာလုပ်ရင်ကောင်းမလဲ??
အရှေ့က ကောင်လေးခေါ်မလား ကောင်ကြီးခေါ်မလား
တက်တူးအပြည့်နှင့် အမြင်ကတ်စရာကောင်းတဲ့ လူကြီးက တချိန်တုန်းက မျက်လုံးဝိုင်းဝိုင်းနှင့် အလွန်ရှက်တတ်တဲ့ Jungkookတဲ့......အနှီးကောင်လေးက ထိုးထားသော Tattooများနှင့် လားလားမှမဆိုင် နှုတ်ခမ်းကို ကြက်တူရွေးတစ်ကောင်လို ထော်ထားသည်။
အဲ့နှုတ်ခမ်းကို ကတ်ကြေးနဲ့ဖြတ်ပြီး ဆိုးလ်နဲ့ဘူဆန် တံတားထိုးလိုက်ရလို့....
Jungkookက ထော်ထားသောနှုတ်ခမ်းနှင့် တစ်စုံတစ်ဦးကို အားကိုးတကြီး စောင့်နေသလို အခန်းဝကို သမင်လည်ပြန် ခဏခဏလှည့်ကြည့်ပြီး အထိုးခံရသဖြင့် ညိုနေသေးသည့် မျက်လုံးအား ရေခဲကပ်နေသည်။
ကြက်ဥပြုတ်နွေးနွေးလေးနဲ့ ကပ်ရတယ်လို့ပြောရင်ကောင်းမလား။
ထားလိုက်..တော်တော်လက်သရမ်းတဲ့ကောင် မှတ်လောက်သားလောက်အောင် နေပါလေ့စေ...
"ဘာဖြစ်တာတုန်း"
စိုးရိမ်တကြီး အခန်းထဲဝင်လာသော Hobiကို Jungkookမြင်လိုက်သည်နှင့် တချိန်လုံးမျှော်နေခဲ့သော အားကိုးရာရောက်လာပြီဖြစ်၍ မျက်လုံးများလက်ခနဲတောက်သွားသလို Hobiကလည်း ညီအရင်းကလေးတစ်ယောက်လို Jungkookမေးဖျားကို လက်ဖြင့်ဆွဲမယူကြည့်လိုက်သည်။ထို့နောက်
"မင်းတို့ရန်ဖြစ်မယ်ဆိုရင်လည်း လူမမြင်အောင်လုပ်လေကွာ။အခုက မျက်နှာမှာ"
ထော်ထားသည့်နှုတ်ခမ်းက ဆူထွက်လာပြီး ယုန်ဘဝမှ ကြက်တူရွေးအရှင်လတ်လတ်ပြောင်းသွားသလို ခရားရေလွတ်ပင်
"Jin Hyungဘာဖြစ်နေမှန်းကို မသိတာ။ကျနော် ဘာမှမလုပ်ပဲနဲ့ အသားလွတ်ကြီး ထထိုးတာ..ရှောင်ချိန်တောင်မရဘူး"
"ဟမ်...ဘာမှမလုပ်ဘူး...ဟုတ်လား
ညက.........."မျက်နှာ တစ်ခုလုံး ရေနွေးဖြန်လိုက်သလို ပူတတ်နီရဲသွားပြီး သူ့အဖိုးတန် မုန်လာဥလေးကို ခြေနှစ်ချောင်းချိတ်ရင်း ကာကွယ်လိုက်သည်။