Unicode
ဖြူစုတ်စုတ်နှင်းတွေက မြေပြင်ပေါ်ကို တဖွဲဖွဲကျနေတယ် ။ သူမ ကားထဲမှာ အပူပေးစက်ဖွင့်ထားပြီး အနွေးဓာတ်နဲ့ နေတာတောင် ချမ်းနေတာဖြင့် စိမ့်နေတာပဲ ။
“ချမ်းလွန်းလှတဲ့ ဆောင်းရာသီ ”
Shellyထိုသို့ တချက် ရေရွတ်လိုက်တယ် ။
အကြည့်လွှဲလိုက်မိတော့...ဟော.. စောင့်ကြည့်နေတဲ့သူလေး ထွက်လာပါပြီ ။
24hrsဖွင့်တဲ့ Mini mart အသေးလေးထဲကနေ
ထိုကလေးမ စီးကရက် တစ်လိပ်ကို
သောက်ပြီးထွက်သွားတာကို
Shelly ကားထဲက မြင်လိုက်ရတယ် ။
အနောက်မှာလဲ Guitarအိတ်ကိုလွယ်ထားတယ် ။အဲ့ဒါက အဲ့ကလေးမရဲ့ အမေ မဆုံးခင်က
သူမကို မွေးနေ့လက်ဆောင် ပေးခဲ့တာတဲ့ ။
တခါမှ ထားခဲ့တဲ့အချိန်မရှိဘူး ။သူမ အဲ့ကလေးမကို မသက်ာလို့ လိုက်ကြည့်နေတာ ။
အမြဲလိုလို ကျောင်းမသွားပဲ အပြင်တွေသာ လျှောက်သွားနေပြီး mini martက ဆေးလိပ်သွားဝယ် သောက်သတဲ့ ။အဲ့ဒီကလေးမ ဘယ်လောက် တောင်ဆိုးသွမ်းနေပြီလဲ...။ Shelly သက်ပြင်းတချက်သာ ချနိုင်တော့တယ် ။
ကျွန်မ ထိန်းလို့မရပါ ။
ကျွန်မကို ထိုကလေးမကပြောတယ်
သူမ ဆိုးသွမ်းနေတဲ့အချက်က
ကျွန်မက သူမကို ထိန်းနေလို့တဲ့ ..
မိထွေး ဖြစ်နေတာနဲ့ ထိန်းလို့မရတော့ဘူးလား ။ကျွန်မ သူမကို အမေအရင်း တယောက်လို
ဂရုစိုက်တာ ။
အသက် သိပ်မကွာတာ မှန်ပေမယ့်လဲ ။
ကျွန်မအကောင်းဆုံး ဆက်ဆံခဲ့တာပါ ။........
Zawgyi
ကျွန်မ ထိန်းလို့မရပါ ။
ဂရုစိုက်တာ ။