Unicode
သူမတို့နိုင်ငံက မိုးရာသီမှလွဲ၍ အချိန်တော်တော်များများကနှင်းကျနေတတ်သည် ။ နှင်းမကျလျှင်တောင် အေးစိမ့်စမ့်ဖြစ်နေသည်ကအမြဲ ။
သူငယ်ချင်းအဖွဲ့က ကဲဖို့ သွားကြရာ သူမကိုခေါ်ပေမယ့် တစ်ယောက်သောသူက ကျောင်းပြန်လျှင် ဝင်ခေါ်မည်ဟု ရာဇသံပေးထားတာကြောင့် ရပ်စောင့်နေတာဖြစ်၏ ။ တကယ်ဆို သူမ ကြိုက်တာ သူမ လုပ်လို့ရပါတယ် ။ ဒါပေမယ့် တစ်ဖက်က လူက
မစ္စShelly ဖြစ်နေတာကြောင့်....။ရက်အတော်များများ သူမနှင့် ဖြတ်သန်းလာပြီးနောက်မှာ Heatherကသူမအပေါ်တင်းမာဟန်ဆောင်ထားတဲ့ ဆက်ဆံရေးတွေ ပြေလျော့လာခဲ့သည် ။ မစ္စ Shelly ဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပေမယ့် သဘောကောင်းပြီး တစ်ဖက်သားကို ရိုးရိုးသားသားဆက်ဆံတတ်တဲ့
ကာကွယ်ပေးချင်စရာညတုံးအအ အမျိုးသမီးပါပဲ ။သဘောကျသူအကြောင်းတွေးမိတော့ ရယ်မိ၏ ။ ခေါင်းဖွဖွခါလျှက် ။ နောက်ဆုံးတိုတိုလေးသာကျန်တော့သည့် စီးကရက်ကို တစ်ချက်ရှိုက်လိုက်ကာ အဝိုင်းလေးတွေဖြစ်အောင် သူမ မှုတ်ထုတ်လိုက်သည် ။ မီးခိုးရောင်အငွေ့အဝိုင်းလေးတွေက လွှတ်ထွက်သွား၏ ။
ထို့နောက် စီးကရက်ကို အောက်ပစ်ချလိုက်ပြီး ဖိနပ်ထိပ်ဖျားနှင့် ဖိနင်းချလိုက်သည် ။ သေချာကြည့်မိမှ ဖိနပ်ထိပ်ဖျားပေါ်မှာတောင် နှင်းမှုန်တို့က ကပ်ငြိနေ၏ ။ သေချာသည် ။ သူမရဲ့ အညိုရောင် ဆံပင်ပေါ်အရှည်ပေါ်နှင့် အနွေးထည်ခပ်ထူထူဝတ်ထားသောပုခုံးပေါ်တို့မှာ ပိုတောင်များလိမ့်မည် ။
“ Heather ! ”
သူမနာမည်ကိုခေါ်သံကြားလိုက်ရ၍ အနောက်ကိုလှည့်ကြည့်မိတော့ အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ဉရောပရုပ်ရည်နှင့်ချောမောတဲ့ လူငယ်တစ်ယောက်က အပြေးကလေးရောက်လာသည် ။
သူ့ကိုသူမသိသည် ။ ဟိုတစ်လောကမှ Heather တို့အတန်းကိုပြောင်းလာခဲ့တာဖြစ်၏ ။ ကျောင်းနောက်ကျပြီး အပ်လာသည့် သူဖြစ်တာကြောင့်
Heather က သိနေခဲ့တာဖြစ်သည် ။Heather ကို ပိုသတိထားမိစေတာက သူ့မျက်ဝန်းညိုညိုတွေက မစ္စ.Shellyနှင့်တူသည် ။ သူမရဲ့ သားဒါမှမဟုတ် ဆွေမျိုးများလားလို့ ထင်မိပေမယ့်လဲ မစ္စShellyက မိဘနှစ်ပါးပဲရှိသည် ။ မျက်ဝန်း အရောင်တွေ တူနေပေမယ့် မစ္စShelly ကပိုလှသည် ။ သူမက ပြုံးလိုက်လျှင် မျက်လုံးလေး မှိတ်သွားတဲ့အထိပဲ ၊ မျက်ဝန်းညိုညိုတွေကလဲ မရည်ရွယ်ပဲနဲ့ ညှို့နိုင်စွမ်းရှိတယ် ။ ။ ဒါလည်း သူမကို Heather အရူးအမူးသဘောကျရတဲ့ အချက်တွေထဲက တစ်ခုဖြစ်တယ် ။
သူမ မစ္စShellyကို သဘောကျတာကို Heather နှင့် ရင်းနှီးသူတိုင်းသိသည် ။ မစ္စ.Shellyဟာ
မသိ ။
