5

144 10 0
                                    

Unicode

Heather သက်သာလာပေမယ့် မစ္စ Shellyက ပေးမသွားတာကြောင့် အိမ်မှာပဲ နေရတာ တစ်ပတ်နီးပါးပင်ရှိနေပြီဖြစ်သည် ။ ဒါကြောင့် သူမမှာ ဒီရက်ပိုင်း သတင်းလာမေးသမျှ သူငယ်ချင်းတွေကို ဒိုင်ခံဧည့်ခံနေရသည် ။ မစ္စ Shellyကတော့ ကျောင်းပျက်၍ မဖြစ်တာကြောင့် အတန်း စောပြီးတဲ့ရက်တွေဆို စောစောပြန်လာပြီး Heather ကို အဖော်လုပ်ပေးတတ်တယ် ။ စာဖတ်ပြတာတို့ ၊ ဇာတ်ကားအတူကြည့်တာတို့ ၊ တစ်ခါတစ်လေကျရင်တော့ ကျောင်းက သင်ခန်းစာတွေအကြောင်း ဆွေးနွေးတတ်သည် ။

တစ်ခါတစ်လေ Heather က လာအိပ်ပေးဖို့ တောင်းဆိုရင်လဲ သူမက  မငြင်းခဲ့ပါဘူး ။

မစ္စ Shellyကသိပ်နွေးထွေးသည် ။
ပြုံးရင်ပေါ်ပေါ်လာတတ်တဲ့ ပါးမို့မို့က အမြဲ ပန်းရောင်သန်းပြီး သွေးကြောတွေယှက်ဖြာနေတာ။ ရယ်လိုက်လျှင် မှိတ်မှိတ်သွားတတ်တဲ့ မျက်ဝန်းတွေကတော့ အသက်ပါပဲ ။

မစ္စ Shelly နဲ့ အတူနေရဖို့ Dadကို သတ်လိုက်ရမလား..ရူးကြောင်ကြောင်ပြောလိုက်တော့ Shelly ကရယ်သည် ။  သူမ ပြန်ပြောခဲ့တာက ရှင်းတယ်
အင်း.. အလောင်းဖျောက်ပေးမယ် တဲ့.. ။

ထိုအကြောင်းပြောပြီးတော့ သူမတို့နှစ်ယောက်က ခေါင်းချင်းဆိုင် ရယ်နေမိသေးသည် ။ နှစ်ယောက်လုံးကထုတ်မပြောပေမယ့် နှစ်ယောက်ကြားထဲမှာ မမြင်ရတဲ့ ခိုင်ခံ့လွန်းသော ကြိုးသွယ်သွယ်လေးတစ်ခုက ချိတ်ဆက်ထားသလိုမျိုး ခံစားရတယ် ။

ဒီနေ့က Dad ပြန်ရောက်လာပြီဟု အိမ်က ဝန်ထမ်းတွေကပြောသည် ။ အခုထိတော့ သူမနှင့်မတွေ့သေးပါ ။ Heatherက အခန်းထဲက အပြင်မှ မထွက်ပဲ ။ Dadဘက်ကမလျော့သလို Heatherဘက်ကလဲ ခေါင်းမာတယ် ။ မစ္စ Shelly ကတော့ ကြားထဲကနေ ဖြေလျော့ပေးရှာသည် ။
ဒါပေမယ့် ကိုယ်စိတ်နာရတာ ကိုယ်ပဲသိတာမို့..

“ Heather ”

သူမရဲ့နာမည် ခေါ်သံကိုကြားတော့ မျက်တောင်တစ်ဖျက်ဖျက်ခတ်လိုက်မိပြီး အရှေ့ကလူကို အာရုံထားလိုက်တယ် ။  ကြွေပန်ကန်ပြားထဲမှာ ပန်သီးစိတ်ကအပြည့် ။ သူက ပန်းသီးကို အခွံခွာပေးနေပြီး
စကားတွေတရစပ်ပြောနေခဲ့ပုံရသည် ။ Heather အတွေးလွန်နေတာကြောင့်ခေါ်လိုက်တာ ။

You've reached the end of published parts.

⏰ Last updated: Mar 11, 2023 ⏰

Add this story to your Library to get notified about new parts!

S N O W Where stories live. Discover now