မနက်ဝေလီဝေလင်းအချိန်တွင်နှင်းစက်လေးများသည်
စိုစိုစွတ်စွတ်။လောကတစ်ခွင်ငွေရည်ငွေနှင်းတို့ပက်ဖျန်း
နေပြီးပန်းဥယာဥ်ထဲကနှင်းဆီပန်းတို့မှာထိုနှင်းရည်တို့
ကြောင့်မွှေးရနံလိူင်လိူင်ထွက်လာရသည်။ဂျောင်ကုက
အမြဲတစေမနက်မိုးလင်းလေ့ကျင့်ရေးဆင်းဖို့စောစောအိပ်ယာထလေ့ရှိသည်။ဒီနေ့မနက်လည်းခါတိုင်းနေ့တွေလိုစောစောအိပ်ယာထခဲ့ပေမဲ့စိတ်ထဲသိပ်မကြည်။စိုစွတ်လတ်ဆတ်တဲ့မနက်ခင်းအလှတရားကဒီနေ့တော့သူ့အတွက်စိတ်အနှောင့်အယှက်ဖြစ်စေသည်။လက်ထပ်ပွဲနောက်အပတ်အတွင်းမှာမို့ဒီနေ့ထယ်ယောင်းကသူ့Pack ကိုသူပြန်မည်ဖြစ်သည်။ထယ်ယောင်းကိုသူ့ Omega အဖြစ်ရွေးချယ်ပြီးကတည်းဘဝရဲ့တန်ဖိုးအရှိဆုံးအရာမှထယ်ယောင်းသာဖြစ်လာခဲ့ရသည်။ထိုအဖိုးတန်လေးအားPack ကိုပြန်လွှတ်ရမည်ဆိုတော့။ဂျောင်ကုဟူးကနဲလေပူတွေမူတ်ထုတ်လိုက်ဟင်းကနဲ
သက်ပျင်းတွေချလိုက်နဲ့သာစိတ်သောကရောက်ရတော့
သည်။ထိုအချိန်ခဏကျွီကနဲဂျောင်ကု၏အိပ်ဆောင်အခန်းတံခါးကပွင့်သွားပြီးကျက်သရေ ရှိလှသောအမျိုးသမီးတစ်ယောက်ဝင်လာခဲ့သည်။"သားတော်...ကုတင်ပေါ်မှာဘာထိုင်လုပ်နေတာလဲ..
ဘာမှလည်းမပြင်မဆင်ရသေးဘူး...လေ့ကျင့်ကွင်းသွား
ဖို့နောက်ကျနေဦးမယ်..."ကင်မ်ဆူရီကသူ့မသားအကြောင်းသူမသိသည်မို့တမင်
သက်သက်ပြောလိုက်ခြင်းပင်။တော်ရုံတန်ရုံကင်မ်ဆူရီ
သည်သူ့သားဂျောင်ကုအခန်းကိုလာလေ့မရှိ။
ငယ်ငယ်တုန်းကအချိန်ပြည့်သားလေးအားဂရုစိုက်ခဲ့ပေမဲ့အရွယ်ရောက်လာသော Alpha ဖြစ်လာသောအခါ
ကင်မ်ဆူရီကသူမရဲ့သားအခန်းကိုတော်ရုံတန်ရုံအဝင်
အထွက်သိပ်မလုပ်တော့။ဂျွန်ဂျောင်ကုကသာအမေ့ဆီလာပြီးနူတ်ခွန်းဆက်စကားပြောရသည့်ဓလေ့ထုံတမ်း
ကိုသာကျင့်သုံးလာတော့သည်။အခုတော့မိခင်ဖြစ်သူ ကင်မ်ဆူရီမှာဂျောင်ကုအခန်းထိရောက်ချလာသည်မို့ဂျောင်ကုမှာမနေတတ်မထိုင်တတ်တောင်ဖြစ်သွားရသည်။နောက်ပြီးသူမိူင်နေတာကိုအမေဖြစ်သူမြင်သွားပြီလေ။ဒါကြောင့်ရှက်ရမ်းရမ်းပြီး...အမေဆိုတဲ့ခပ်လေးလေးအသံလေးသာထွက်လာရသည်။