ထယ်ယောင်းညတုန်းကဂျောင်ကုရဲ့ပွေ့ဖက်မူ့တွေ့ကြား
တွင်စိတ်သက်သာရာရကာအိပ်ပျော်ခဲ့သလိုမနက်ခင်း
နိုးထခြင်းမှာလည်းဂျောင်ကုရင်ခွင်၌သာ။သူ့ Alpha
ဂျောင်ကု၏လက်တွေကထယ်ယောင်းခါးလေးပေါ်ခပ်
ဖွဖွတင်ထားပြီးထယ်ယောင်းကမူဂျောင်ကု၏ရင်ခွင်ထဲ
ခေါင်းတိုးကာအိပ်နေသည်။ထိုပုံစံအနေအထားကြောင့်
ထယ်ယောင်း၏ရွှေဝါရောင်ခပ်ပွပွဆံနွယ်တစ်ချို့သည်
ဂျောင်ကု မေးရိုးနဲ့ထိတွေ့ပွတ်သပ်နေသည်။ဂျောင်ကု
ကိုယ်ကခင်သင်းသင်း သာ ထွက်သည့် Pheromones
အနံတွေကစိတ်သက်သာရာရစေပြီးစိတ်ကိုလည်းကြည်
လင်လန်းဆန်းစေသည်။စစတွေ့ချင်းကတည်းကဂျောင်ကုရဲ့ pheromones အနံတွေကထယ်ယောင်းအား
ကသိကအောင့်မဖြစ်စေခဲ့။အချိန်တစ်ခုကြာသူတို့သံ
ယောဇဥ်တွယ်ပြီးနောက်ထို Pheromones အနံမှာထယ်
ယောင်းနဲ့ပိုပြီးရင်းနှီးလာကာပိုလို့ပင်သက်တော့သက်
သာရှိလှသည်။ဂျောင်ကုမှာမျက်ခွံများပိတ်ထားပြီးမျက်
တောင်ရှည်ရှည်စိပ်စိပ်လေးများသည်တစ်ညီတစ်ညာတည်းအပေါ်ဘက်သို့ကော့တက်နေသည်။ဖြူဖွေးသော
အသားအရေကမေးရိုးခပ်ထင်းထင်းနဲ့ဆွဲဆောင်မူ့ရှိပြီး
အင်မတန်မှကြည့်ကောင်းသည်။မျက်ခုံးထင်းထင်း
နှာခေါင်းပွပွ၊မေးစေ့အောက်ကမှဲ့နက်ကလေးတို့သည်
ဂျောင်ကု၏အမှတ်သညာဖြစ်ပြီးထယ်ယောင်းမြင်တွေ့
ဖူးတဲ့ Alpha တွေထဲတွင်ခံညားအချောမောဆုံးပင်။
ထယ်ယောင်း..ဂျောင်ကုနဲ့စစတွေ့တုန်းကထိုချောမော
သောရုပ်ရည်သွင်ပြင်ကြောင့်ကြောင်အခဲ့ဖူးသည်။အထက်တန်းစား...Alpha တစ်ယောက်၏ကိုယ်ရည်ကို
ယ်သွေးတွေခြုံလွှမ်းထားတဲ့အပြင်စူးစိုက်ကြည့်နေသော
ဂျောင်ကုမျက်ဝန်းများကိုထယ်ယောင်းရင်မဆိုင်ရဲခဲ့ပါ။
ထိုကြောင့်အရှက်သည်းစွာပင်ခေါင်းငုံမျက်နှာလွှဲခဲ့ရသည့်အကြိမ်ပေါင်းမနည်း။ထယ်ယောင်းသည်အကြောင်း
မရှိဟိုအရင်အချိန်များကိုသာပြန်တွေးနေပြီးရင်ခုန်နေ
မိသည်။သူသည်အိပ်ပျော်နေတဲ့ဂျောင်ကုနူတ်ခမ်းတွေ
တိုးဖွဖွနမ်းလိုက်ပြီးဂျောင်ကုရင်ခွင်ထဲကထလာခဲ့သည်။
အခန်းထဲမှာမျက်နှာသစ်ရေချိုးဖို့...သစ်သားအုတ်ကန်
ကြီးရှိပြီးထယ်ယောင်းမှာကိုယ်လက်သန့်စင်ကာမျက်နှာ
သစ်လိုက်သည်။နယ်စွန်နယ်ဖျားတောအရပ်ဒေသေမို့
မနက်ခင်းလေထုသည်မိုးလားဆောင်းလားမသဲကွဲ။
စိမ်းစိုနေသောပတ်ဝန်းကျင်တစ်ခွင်လုံးနှင်းစက်များ
ကြောင့်သင်းရနံလေးတွေထွက်နေပြီးမြက်ပေါက်စ
လေးတွေအပေါ်နှင်းစက်များတွဲခိုနေတတ်သည်။
Pack က နေကြည့်မယ်ဆိုရင်အရှေ့ဘက်ရုန်းဟွာတောင်
တန်းအမြင့်ကြီးတွေကြားကထွက်ပြူလာမည့်နေမင်း
ကြီးသည်ကြည့်လို့အကောင်းဆုံးရူခင်းဖြစ်ပြီးညနေ
နေဝင်ချိန်ဆိုအကြင်နေမင်းသည်ရုန်းဟွာတောင်တန်းတွေကြားငုံလျှိုးကာပျောက်ကွယ်သွားသည်။ထယ်ယောင်းသည် မြက်ခင်းစိမ်းလေးတွေအပေါ်မတ်တပ်ရပ်
ရင်ရုန်းဟွာတောင်တန်းကြီး၏အလှဆုံးရူခင်းတွေအကြောင်းစဥ်းစားခန်းဝင်နေမိသည်။ရုန်းဟွာတောင်တန်းကြီးတွေရဲ့အောက်ခြေတွင်တောနက်ကြီး
ရှိပြီးထိုတောနက်ကြီးထဲကို Pack က လူအများစုက
အသားနဲ့ထင်းရဖို့မှီခိုအားထားရသည်။ထယ်ယောင်းမှာ
လည်းဟိုးအတိတ်တုန်းကထိုတောကြီးထဲဝင်ကာတော
ပန်းပွင်အဖြူအနီတို့ကိုခူးရင်းပန်းရောင်းဖူးသည်။ထိုသို့
အတွေးကိုတွေးမိလိုက်သည်နှင့်ထယ်ယောင်းမျက်နှာ
မှာအနည်းငယ်ပျော်ရွှင်လာရသည်။နောက်ပြီးသူ့ Pack
ကိုရောက်တုန်းရောက်ခိုက်တောပန်းပွင့်လေးတွေခူးဖို့
စိတ်ကူးမိလိုက်သည်။နောက်ပြီးအဲ့တောပန်းပွင့်လေး
တွေကိုသူ့လက်ကလေးတွေနဲ့လှလှပပသီကာတစ်ယောက်သောလူကိုပေးဖို့ရည်ရွယ်လိုက်သည်။ထယ်ယောင်းသည်အတွေးကိုအမြန်ဆုံးအကောင်အထည်ဖော်ရန်မျိုးနွယ်စူခေါင်းဆောင်အိမ်သို့ပြေးလာလိုက်သည်။သူမရှိကတည်းခေါင်းဆောင် Alpha မှာသူ့ညီမလေးဟေဆောင်းကိုလက်ထပ်ယူလိုက်ပြီးမိဘနှစ်ပါးလုံးအားသူ့အရိပ်အောက်သို့ခေါ်ကာကျွေးမွေးစောင့်ရှောက်ထားသည်။ထယ်ယောင်း မျိုးနွယ်စုခေါင်းဆောင်အိမ်ရှေ့ရောက်တော့ဟေဆောင်းမှာရေနွေးအိုးကျိုဖို့ထင်းမီးမွှေးနေပြီဖြစ်သည်။