ပြင်းထန်လွန်းတဲ့ Alpha ရဲ့ Pheromones အနံတွေက
လေထုထည်းသိပ်သည်းစွာဝင်ရောက်လာပြီးဝန်းဟူ
အပေါ်သို့ကြီးမားသောဖိအားတစ်ခုဖြစ်ကျရောက်လာသ
ည်။ဝန်းဟူမှာတစ်ဖက် Alpha ၏ pheromones နဲ့တိုက်
ခိုက်တာခံလိုက်ရပြီးထိုအနံကပြင်းထန်ပြီးသန်မာလွန်း
တာကြောင့်ကိုယ်မှာအနည်းငယ်နာကျင်ကာညွတ်ကိုင်းသွားရသည်။
ထိုအချိန်တောအတွင်းတစ်ဟုန်ထိုးပြေးလာတဲ့အရိပ်
တစ်ခုနဲ့အတူလူတစ်ယောက်ကသူ့အားအကျီဂုတ်ကနေ
ကိုင်မကာတစ်ဖက်သစ်ပင်သို့ပစ်ပေါက်လိုက်သည်။အားအရမ်းကြီးလွန်းတာကြောင့်ဟန်ဝူးမှာသစ်ပင်ကိုယ်ထည်နှင့်ခေါင်းမှာတိုက်မိပြီးချွဲပစ်ပစ်သွေးရည်တို့ကနဖူးစောင်းမှာဖြာထွက်ကာစီးကျလာရသည်။"ခွေးမသား...မင်းသေပြီသာမှတ်..မင်းကများထယ်
ယောင်းကို.....ရာရာစစ..."ဂျောင်ကုသည်ဝန်းဟူအားအကျီ Collar စကနေပြန်
မတင်ပြီးတစ်ချက်ချင်းစီထိုးတော့သည်။ဝန်းဟူကလည်း
Alpha ပင်ဖြစ်သည်မို့ဂျောင်ကုလက်ကရအောင်ရုန်း
လိုက်ပြီးပြန်တိုက်ခိုက်သည်။ထယ်ယောင်းမှာအဘက်
ဘက်အလီလီမှာဝင်လာသောများစွာသော Alpha
Pheromones တွေကြောင့်ချွေးစေးတွေပျံလာရပြီး
ခေါင်းတွေထိုးကိုက်လာသည်။သူဟာနာကျင်မူ့ကို
အံတုရန်သူ့ခန္ဓာကိုယ်လေးအားကျုံသထက်ကျုံ့အောင်
ကွေးထားလိုက်မိသည်။ဂျောင်ကုမှာ True blood Alpha တစ်ယောက်ဖြစ်သည့်
အတွက်အားအလွန်ကြီးကာတိုက်ခိုက်ရေးပိုင်းပါကျွမ်း
ကျင်လှသည်။ဝန်းဟူကသာမာန် Alpha မျှဖြစ်ပြီး
ဂျောင်ကု၏တိုက်ကွက်တွေကိုကြာကြာမခုခံနိုင်။မိမိပိုင်ဆိုင်မူ့အားကာကွယ်လိုစိတ်ကြောင့်ဂျောင်ကုမှာတစ်ဖက် Alpha အားရက်စက်စွာတိုက်ခိုက်နေမိသည်။တစ်ချီမှာတော့ဂျောင်ကုသည်ဝန်းဟူ၏ဟာကွက်ကိုအမိအရဖမ်းမိလိုက်ပြီးလက်ပြန်ချုပ်ကာထိုခွေး ၏လက်ကိုဂျွပ်ကနဲမည်အောင်ချိုးလိုက်သည်။တစ်ချိန်တည်းမှာပင်ဒူးခေါင်းအောက်ညွတ်သကျီးအားအားပြင်းပြင်းကန်ချလိုက်
သောအခါထိုလူမှာမြေကြီးပေါ်ကားယားကြီးပြုတ်ကျတော့သည်။ဂျောင်ကုမှာထိုလူ့ကိုယ်ပေါ်တံတွေးထွေး
ကာခြေထောက်တွေနဲ့စိတ်ကြိုက်ကန်ကျောက်တော့သည်။
