Zawgyi
(ဒီအပိုင်းရဲ့ time skipကအများကြီးကျော်ချသွားမှာမို့ဖတ်ရတာရှုပ်ထွေးနေပါလိမ့်မယ်...အချိန်ယူပြီးအေးဆေးဖတ်ပါနော် ep 11ကိုပြန်ဖတ်ရင်ပိုနားလည်လွယ်မယ်ထင်ပါတယ်)
Tae-ဆောင်းဟို....အမိန့်ချမှတ်မယ့်တရားသူကြီးဆီသွား အခုငါဟယ်အင်းကိုပေးခဲ့တဲ့ငွေပမာဏထက်နှစ်ဆပုံပေးခဲ့ အဲ့ဒီမိသားစုအတွက်လွတ်မြောက်မှုဆိုတာမရှိစေရဘူးအမြဲတမ်းတသက်လုံးစိတ်ပင်ပမ်းမှုတွေနဲ့နေသွားစေချင်တာ
ကားနောက်ခန်းထဲတွင်အနှီးဖြူလေးနဲ့ကလေးလေးကိုပွေ့ပိုက်ပြီးကလေးရဲ့ပါးဖောင်းဖောင်းလေးတွေကိုလက်ညိုးလေးဖြင့်တို့ထိကာဆိုလာသောသခင်လေးရဲ့စကားကိုနာခံလျက်သား သူ့ဘဝဝိဥာဉ်အလုံးစုံကိုသခင်လေးထံအပ်နှံပြီးသားမို့သခင်လေးစိတ်ကျေနပ်မည့်အရာမှန်သမျှကိုလုပ်ဆောင်ပေးဖို့ဝန်မလေး သခင်လေးကငယ်ငယ်ကတည်းကသူ့ရဲ့ကစားဖော်အပြင်ကျေးဇူးရှင်ဆိုလည်းမမှားပေ. မိဘမဲ့တစ်ကြောင့်ကြွက်သူကစားဝတ်နေရေးအခက်ခဲကြောင့်ခိုးယူခြင်းလုနှိုက်ခြင်းဖြင့်ဝမ်းစာရှာခဲ့ရသည် မိသွားလျှင်လည်းလူကြီးများ၏သေမတတ်ရိုက်နှက်ခြင်းကိုခံခဲ့ရသည် သူ့အရွယ်သူ့အင်အားနှင့်မမျှခဲ့သဖြင့်ပြန်ခုခံနိုင်စွမ်းမရှိခဲ့ တစ်ရက်...တိတိကျကျပြောရလျှင်သခင်လေးနဲ့စတင်တွေ့ဆုံးတုန်းကရက် ထိုနေ့ကဆာလောင်မှုကိုအမှတ်ရပါသေးသည် ဆာလောင်လွန်းလို့တစ်ကိုယ်လုံးတဆတ်ဆတ်ကိုတုန်ယင်နေခဲ့တာ ထိုအချိန်အမှောင်ရိပ်ကျရာလမ်းလေးထဲကြောင်လေးတစ်ကောင်ကိုပွတ်သပ်ပေးနေတဲ့သခင်လေးကိုမြင်ပြီးဘာမှမတွေးနိုင်ခဲ့ဘူး ကလေးအချင်ချင်းဆိုပြီးပြန်လည်တွန်းလှန်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ချွန်ထက်ထက်အရာတစ်ခုနဲ့သခင်လေးကိုငွေပေးဖို့ခြိမ်းခြောက်ခဲ့တာ သခင်လေးကကြောက်ရွံ့မှုအစားအပြုံးဖြင့် "ငါ့နောက်လိုက်မလား"ဆိုသည့်တစ်ခွန်းပဲဆိုခဲ့သည် ပြီးတော့နက်ရှိုင်းသည့်သမုဒ္ဒရာအလားတည်ငြိမ်နေတဲ့အေးစက်စက်အပြာရောင်မျက်ဝန်းတစ်စုံထက်မှမမြင်နိုင်တဲ့အင်အားကြီးစွမ်းအားတစ်ခု ထိုအရာကသူ့ကိုသခင်၏စကားအလုံးစုံကိုနာခံမည့်ခွေးလေးတစ်ကောင်အလားအလိုလိုဒူးညွတ်လျက်သား သခင်လေးကသူ့ကိုပညာလည်းသင်ပေးသည်နေစရာရောစားဖို့သောက်ဖို့ကအစလိုလေသေးမရှိအောင်ထားပေးသည် သူ့တာဝန်ကတော့သခင့်အလိုကျသခင့်အမိန့်အလုံးစုံကိုတသွေမတိမ်းလုပ်ဆောင်ပေးပြီးသစ္စာရှိဖို့ပင်