Zawgyi
နော်ဝေးနိုင်ငံရဲ့မြို့တော် Osloမြို့ လေယာဉ်ဆိုက်တာနဲ့ အသင့်စောင့်နေတဲ့ကားပေါ်တက်လိုက်သည်ခါးကိုမတ်မတ်ထိုင်ကာခြေချိတ်လိုက်ပြီးလက်တစ်ဖက်ကိုမေးထောက်ကာကားမှန်ကနေအပြင်ဘက်ကိုပျင်းတိပျင်းရွဲဖြင့်ငေးနေမိသည် စိတ်ပျက်စရာကောင်းတဲ့မြို့ကိုတကူးတကလာပြီးစိတ်ပျက်စရာကောင်းတဲ့လူကိုလာတွေ့ရသည့်သူ့အဖြစ်ကဘယ်လောက်တောင်စိတ်ကုန်စရာကောင်းလိုက်သလဲ ၄၅မိနစ်ကျော်လောက်မှလိုရာခရီးကိုရောက်လာခဲ့သည် driverကကားတံခါးကိုလာဖွင့်ပေးသည်နှင့်သူလည်းကားထဲမှထွက်လိုက်ပြီးအရှေ့ကအဆောက်အဦးအကြီးကြီးကိုကြည့်လိုက်သည် Oslo university hospital....ဥရောပမှာအကြီးဆုံးဆေးရုံကြီးလို့လည်းသတ်မှတ်ကြသည်
ဆံပင်ကိုလှန်တင်ထားကာဝတ်ထားတဲ့ရှပ်အနက်ကိုကြယ်သီးသုံးလုံးဖွင့်ထားပြီးလက်ကိုခေါက်တင်ထားတော့ပေါ်နေတဲ့လက်ဖျံမှာအကြောစိမ်းတွေကထောင်နေပြီးကြည့်ကောင်းလွန်းလှသည် စတိုင်ပန်အနက်ရောင်ချပ်ရပ်ရပ်ကရှည်လျားတဲ့ခြေတံတွေကိုပိုကြည့်ကောင်းအောင်ပံ့ပိုးပေးနေသည် အဖြူရောင်အသားရည်မဟုတ်ဘဲခပ်လတ်လတ်ဖြစ်နေသည့်အသားအရောင်ကလူဖြူတွေအတွက်စွဲမက်စရာအသားအရောင် မျက်ဆံအရောင်ကလွဲပြီးမျက်ခုံးနှာတံကောင်းကောင်းနှင့်ထင်းနေတဲ့မေးရိုးကထိုသူအားအရှေ့တိုင်းသားလားအနောက်တိုင်းသားလားဆိုတာခွဲရခက်စေသည် တည်ကြည်နေတဲ့မျက်နှာဘေးဘောင်းဘီအိတ်နှစ်ဖက်လုံးထဲလက်ထည့်ကာပြောင်လက်နေတဲ့ရှူးအနက်ရောင်နှင့်တစ်လှမ်းခြင်းလှမ်းလာတဲ့သူ့ပုံစံကဆေးရုံတစ်ခုလုံး၏အာရုံကိုဖမ်းစားထားသည်
သူရောက်လာ၍လာစောင့်နေပြီးနှင့်သောလူတစ်ဦးလမ်းပြရာအခန်းကိုလိုက်သွားလိုက်သည် အခန်းတစ်ခုရှေ့အရောက် ရှင်းရှင်းပြောရလျှင်VVIPများအတွက်သာသီးသန့်ဖွဲ့ထားသောအခန်းရှေ့.....ဘေးမှာ name tagနှင့် Mis Anna တဲ့ တံခါးဖွင့်လိုက်တော့ရီမောနေတဲ့လူတစ်စုအသံကတိကနဲတိတ်လျက်သား ရွှေအိုရောင်ဆံပင်နှင့်မျက်ဝန်းပြာလေးရှိသည့်အသက်၈နှစ်၉နှစ်မျှသာရှိဦးမည့်ကလေးမလေးကကုတင်ပေါ်ကသူမနားပြေးကပ်ကာဖက်ထားလေရဲ့. သူမသူ့ကိုပြုံးပြတော့ခပ်မဲ့မဲ့သာပြန်ပြုံးပြလိုက်သည် ထို့နောက်သူမကိုဖက်ထားသည့်ကလေးမလေးနှင့်သူမရှေ့မှအမျိုးသားတစ်ဦးကိုတစ်ခုခုပြောနေသည် မကြာလိုက်ထိုအမျိုးသားကကလေးမလေးကိုခေါ်၍သူ့ဘေးနားကနေဖြတ်ပြီးအပြင်သို့ထွက်သွားလေရဲ့. သူ့ဘေးအဖြတ်ကလေးမလေးကသူ့ကိုအပြာရောင်တောက်တောက်မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့သေချာကြည့်သွားသည် သူလည်းမျက်ဆံထောင့်ကပ်ရုံမျှသာအကြည့်ပို့လိုက်ပြီးချက်ချင်းပင်ကုတင်ထက်ကအမျိုးသမီးထံအကြည့်လွှဲလိုက်ပြီး