Zawgyi
ကားထဲမှနေ၍ကော်ဖီဆိုင်လေးရဲ့မှန်ကနေထိုးခွင်းပြီးမြင်နေရတဲ့Jeonကိုထယ်ယောင်းငြိမ်သက်စွာကြည့်နေမိသည် စားပြီးသားသူတွေရဲ့ပန်းကန်တွေကိုသိမ်းရင်းစားပွဲကိုလေးလံစွာသုတ်နေတဲ့Jeonရဲ့ပုံကအားအင်နွမ်းလျပြီးပစ်လဲတော့မယောင် မျက်နှာလည်းထိုင်းမှိုင်းကာအိပ်စက်ခြင်းအချိန်နည်းသလိုတစ်ချိန်ကသိပ်တောက်ပခဲ့တဲ့မျက်ဝန်းတွေကအသက်မဲ့လျက် မီးစကြောင့်တိုလာပြီဖြစ်သောဆေးလိပ်ကိုကားထဲမှာပဲရှိသည့်ပြာခွက်ထဲဖိချကာမီးသတ်လိုက်သည် ဝင်သွားရင်ကောင်းမလားမကောင်းဘူးလားဆိုတာကိုအတန်ကြာစဉ်းစားပြီးမှကားတံခါးကိုတွန်းဖွင့်လိုက်သည်
ဆိုင်တံခါးကိုအသာတွန်းဖွင့်တော့မြည်သွားတဲ့ခေါင်းလောင်းသံလေးကြောင့်Jeonအာရုံကသူ့ဆီရောက်လာသည် သူ့ကိုတွေ့တော့ချက်ချင်းကိုအကြည့်လွဲသွားပြီးသူလုပ်လက်စအလုပ်ကိုဆက်လုပ်နေတာ ထမင်းစားချိန်ကျော်ပြီးအချိန်ဖြစ်၍ဆိုင်အတွင်းလူရှင်းနေလေရဲ့. ထယ်ယောင်းလည်းသူထိုင်နေကျအဖျော်ကောင်တာနားကခုံရှည်မှာတိတ်တဆိတ်ဝင်ထိုင်ပြီးဂျောင်ကုကိုအကဲခတ်နေလိုက်သည်
Tae-အိမ်ပြန်လာသင့်ပြီမထင်ဘူးလား သုံးပတ်...သုံးပတ်တောင်ကိုယ်Jeonကိုကြိုက်သလိုနေခွင့်ပေးပြီးပြီပဲ
သူ့စကားကြားသော်လုပ်လက်စခေတ္တရပ်သွားပေမယ့်မကြားယောင်ပြုကာကော်ဖီစေ့တွေကိုကြိတ်စက်ထဲထည့်နေလေရဲ့. သူ့ကိုတွေ့လျှင်အမြဲတမ်းစိတ်အာရုံအလုံးစုံကိုသူ့ထံပုံပေးခဲ့သည့်Jeonကယခုတွင်တော့သူ့ကိုမရှိသလိုလုံးဝဥဿုံလျစ်လျူရှု့ထားလေရဲ့. Jeonကသူ့ကိုလုံးဝရူးခါသွားစေချင်တာထင်ပါရဲ့
"Vante..မင်းကမင်းအဖေလိုပဲတကိုယ်ကောင်းဆန်ပြီးအတ္တကြီးတဲ့သူမို့နောင်တစ်ချိန်မင်းချစ်ရတဲ့သူတွေ့ခဲ့ရင်တောင်မင်းနားမှာကြာကြာနေနိုင်မှာမဟုတ်ဘူး" တဲ့ မေတ္တာတရားတောင်မပေးနိုင်ဘဲအမေဟုသာအမည်ခံထားတဲ့ထိုမိန်းမပြောသွားခဲ့တာ နောက်ဆုံးအဆင့်ရောဂါအခြေအနေနဲ့သေခါနီးတောင်သူ့ကိုစိတ်ဒုက္ခပေးသွားတုန်း ယခုJeonသူ့ကိုဆက်ဆံပုံကိုကြည့်ပြီးထိုစကားတို့ကိုပြန်ကြားယောင်လာခဲ့ကာရင်ထဲအကြောက်တရားစိုးထိတ်မှုတွေဟာကိန်းအောင်လာခဲ့သည် တည်ငြိမ်နေတဲ့အပြာရောင်မျက်ဝန်းတွေနဲ့အေးစက်စက်မျက်နှာဘေးကစိုးရိမ်ကြောင့်ကြမှုတွေရှိနေလိမ့်မယ်လို့ဘယ်သူထင်မှာတဲ့လဲ