Zawgyi
ပိုးသတ်ဆေးအနံ့ကြောင့်မျက်ခုံးတို့ကိုအလိုလိုကျုံ့ပစ်ကာခန္ဓာကိုလှုပ်ကြည့်တော့တကိုယ်လုံးကိုင်ရိုက်ထားသလိုပင် နည်းနည်းလှုပ်တာနဲ့နာကျင်မှုကအဆမတန်ရုတ်တရက်ဆိုသလိုခေါင်းထဲအချက်ပေးသံများစွာနဲ့ရောက်လာတဲ့အသိကြောင့်မျက်လုံးတို့ကိုဆတ်ကနဲအားယူဖွင့်လိုက်သည် ပြီးတော့ခန္ဓာကိုယ်ကိုဘယ်လောက်ပဲလှုပ်ရှားဖို့အားစိုက်ထုတ်ထုတ်စိတ်သာရှိပြီးကိုယ်ကပါမလာ
"ခင်ဗျားသတိရလာပြီလား"
အသံရှိရာဘေးကိုကြည့်တော့ထယ်ယောင်းရဲ့လူယုံဆောင်းဟို
Tae-ထယ်......ထယ်ရော အခုဘယ်မှာလဲ
အလောတကြီးပင်သူသိပ်သိချင်တဲ့သူရဲ့အကြောင်းကိုမေးတော့ဆောင်းဟိုကအေးစက်စက်ပြန်ကြည့်ကာမျက်နှာလွှဲသွားသည်
"သခင်လေးကအရေးပေါ်အခန်းထဲကနေထွက်မလာသေးဘူး သေမလားရှင်မလားတောင်မသိဘူးတဲ့ သွေးတွေလည်းအများကြီးဆုံးရှုံးထားတာ ပြီးတော့သခင်လေးသွေးကရှာမရဘူးဖြစ်နေတယ်လောလောဆယ်တစ်ထုတ်ပဲရှိတယ်တဲ့"
ABNegativeတဲ့ သိပ်ကိုရှားပါးတဲ့သွေးအမျိုးအစား လူအများကြီးထဲကမှ 1%လောက်သာထိုသွေးအမျိုးအစားပိုင်ဆိုင်ကြသည်ထယ်ကလည်းထိုထဲကတစ်ယောက်
"အဲ့ဒါကြောင့်....ဒီညတွင်းချင်းပဲသခင်လေးကိုခေါ်ပြီးနော်ဝေးကိုပြန်မှာ Annဆီကနေသွေးရလိုရငြားပေါ့"
ဂျောင်ကုဆတ်ကနဲကြည့်မိလိုက်သည် ပြီးတော့ဆောင်းဟိုပုံစံကတစ်ခုခုကိုပြောဖို့တွေဝေနေဟန်
"ခင်ဗျားကောလိုက်ခဲ့မယ်မလား"
ထိုစကားကြောင့်ဂျောင်ကုတွေဝေသွားသည် ထယ့်နိုးမလာမှာကိုသူသေလောက်အောင်စိတ်ပူပေမယ့်လည်းအကယ်၍ထယ်ပြန်သတိရလာရင်သူတို့နှစ်ယောက်ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကိုသူမခန့်မှန်းတတ် အမှန်တိုင်းဝန်ခံရရင်သူတို့နှစ်ယောက်စလုံးဘာမှမဖြစ်ခဲ့သလိုဆက်ဆံရမှာဂျောင်ကုအတွက်တော်တော်ကိုခဲယဉ်းသွားပြီဖြစ်သည် ကိုယ့်သွေးသားကိုသတ်ခဲ့တဲ့ထယ်ကိုဒီလောက်တော့စိတ်ဆိုးခွင့်ရှိတယ်မလား သမီးလေးကိုမလိုချင်ရင်အစကတည်းကသူဟယ်အင်းကိုဖျက်ချခိုင်းခဲ့မှာပေါ့ အဲ့လောက်ထိကိုသူထယ်ယောင်းအပေါ်ရူးသွတ်တာထိုလူသားကမသိခဲ့လေဘူး အခုသမီးလေးကိုလူ့လောကထဲခေါ်လာပြီးမှသမီးလေးမျက်နှာကိုသူ့ကိုမြင်စေပြီးမှသမီးလေးကိုထယ်ယောင်းနဲ့အတူတူပျိုးထောင်မယ်ဆိုတဲ့အိပ်မက်တွေမက်ခိုင်းခဲ့ပြီးမှထိုလူသားကလုပ်ရက်ခဲ့လေခြင်း