မိုးစက်များကို ကြည့်ရင်း သူမဖိတ်စာ တစ်စောင် ကိုင်ကာ ရပ်နေမိသည်မှာ တော်တော်ကြာနေပြီ။ အလွတ်ရနေပြီ ဖြစ်သော စာတန်းလေးများကို နောက်တစ်ခေါက် ထပ်ဖတ်ရင်း မျက်ရည်များကျလာပြန်သည်။
silent လုပ်ထားသော ph ကို ကြည့်လိုက်တော့ missed call က 129။ သူမ မကိုင်ချင်။ မည်သူနှင့်မှ စကားပြောနိုင်စွမ်း မရှိသေး။ ph ကို powe off လုပ်ပြီး ပြန်ချထားလိုက်သည်။
kris သူမကို ထိုဖိတ်စာ လာပေးတော့ သူမ မည်သို့ ယူထားလိုက်မိမှန်း မသိတော့။ သို့သော် kris ပြောသွားသော စကားလုံးများကတော့ သူမနားထဲမှာ ပဲ့တင်သံထပ်နေသည်။
"သူက ငါ့ကို အရမ်းချစ်တယ်။" "ငါ့ကို နားလည်မှု အပြည့်ပေးနိုင်တယ်။" "ငါ့ထက် ငယ်ပေမဲ့ အမေတစ်ယောက်လိုပဲ ငါ့ကို အရမ်းဂရုစိုက်တယ်" "မဟုတ်ဘူး သူကပဲ အရင် ငါ့ကို ချစ်တယ်လို့ လာပြောတာ"
သူမ တစ်ခွန်းတည်းသာ မေးလိုက်ချင်သည်။ နင်ကောသူ့ကို ချစ်လားလို့လေ။ သို့သော် အခုမှတော့ ဘာမှထူးမည် မဟုတ်တော့။ သူမ လိုချင်သော အဖြေ သူပေးခဲ့လျှင်တောင် အရမ်း နောက်ကျ သွားပြီ မဟုတ်လား။
နင့်အတွက်ဆို အမြဲတမ်းဘာမဆို ဖြည့်ဆည်းပေးဖို့ အဆင်သင့် ဖြစ်နေတတ်တဲ့ ငါ့ထက် သူက နင့်ကို ပိုချစ်လား???
နင့်မျက်နှာ ကြည့်လိုက်ရုံနဲ့ နင်ဘာတွေ တွေးနေတယ် ဆိုတာ ပြောနိုင်တဲ့ ငါ့ထက် သူကနင့်ကို ပိုနားလည်လား???
နင်အနားမှာ အမြဲတမ်းရှိနေပေးပြီး အသေးအဖွဲလေးက အစလိုက်ကြည့်ပေးနေတတ်တဲ့ ငါ့ထက် သူကနင့်ကို ပိုဂရုစိုက်လား???
နင့်ကို ဖွင့်ပြောဖို့ဆိုတဲ့ သတ္တိတစ်ခုပဲ ငါ့မှာ မရှိခဲ့တာပါ။
"Tao......နင် kris ကို ပျော်အောင် ထားနိုင်တယ် ဆိုတာနဲ့တင် ငါနင့်ကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ပေးပါ။ နားလည်ပေးပါ။ ပျော်ရွှင်အောင် ထားပေးပါ။ အထီးကျန်မှုဆိုတာ မရှိအောင် လုပ်ပေးပါ........"
YOU ARE READING
IF YOU L♡ VE ME
FanfictionExo fanfiction(KRISYEOL) Romance,School life,Friendship Character-Kris,Chanyeol and the rest of exo members