Love all of you

1.5K 133 2
                                    


သူမသည်​ ​ကျောင်းတွင်​ အဖွဲ့အစည်းများ၌ ပါဝင်​ရသည်​ကို သ​ဘောမကျ​ သော်​လည်း volunteer အသင်း​တော့ပါ​လေသည်​။ အသင်းဝင်​ရသည့်​ အ​ကြောင်းပြချက်မှာ kris ​ခေါင်း​ဆောင်​ဖြစ်​​နေ​သော​ကြောင့်​ပင်​။သူမ ဝန်​ခံပါသည်​။ သူမ kris နှင့်​ ဘယ်​​လောက်​ ရန်​ဖြစ်​ဖြစ်​ သူမနှလုံးသားထဲတွင်​ kris ​နေရာယူ​နေ​သော အချက်​ကိုမူ မငြင်း နိုင်​။

kris ၏ အပြုအမူ တစ်​ခုတိုင်းစီက သူမကို ရူးသွပ်​​စေသည်။ ထီမထင်​သည့်​ ဟန်​ဖြင့်​ မျက်​ခုံးတစ်​ဖက်​ပင့်​ကြည့်​ပုံ။လက်​နှစ်​ဖက်​ကို ​ဘောင်းဘီအိတ်​ထဲထည့်​ပြီး နား၌ earphone ထိုးကာ style ကျကျ လမ်း​လျှောက်​တတ်​ပုံ။

အင်္ကျီလက်​ကို အမြဲတမ်း တံ​တောင်ဆစ်​အထိ ​သပ်​သပ်​ရပ်​ရပ်​ ခါက်​တင်​ထားတတ်​ပုံ။ necktie ကို ဘယ်​​တော့မှ မစီးပဲ အင်္ကျီကြယ်​သီးတစ်​လုံး ဖြုတ်​ထားတတ်​ပုံ။သူ​၏ shoe ဖိနပ်များ အမြဲတမ်း ​ပြောင်​လက်​​နေ​​​​​တတ်​ပုံ။အင်္ကျီနှင့်​ ​ဘောင်းဘီမှာ ​ခေါက်​ရာ တစ်​စက်​မထင်​ပဲ ပြန့်​​နေပုံ။

သူမ မျက်​စိမှိတ်​လိုက်​တိုင်း kris ပုံရိပ်​တို့က သူမမျက်​လုံးထဲ ​ပေါ်လာသည်​။မနက်​မိုးလင်း၍ မျက်​လုံးပွင့်​သည်​နှင့်​ kris အ​ကြောင်း​များက သူမ ဦး​နှောက်​ ထဲ auto ငုတ်​တုတ်​​ရောက်​လာသည်​။ဟုတ်​ပါတယ်​။ Park Chanyeol ဆို​သော ကျွန်​မ kris ဆို​သောအချိုးမ​ပြေသည့်​ ​လောရှည်​​ကောင်​ကို ရူး​လောက်​​အောင်​ချစ်​​မိနေပါပြီ။

သို့​သော်​ သူမ ဘယ်​​တော့မှ စဖွင့်​​ပြောလိမ့်​မည်​​တော့ မဟုတ်​။ အရာရာအားလုံး သူမထက်​သာလွန်​​နေ​သော လူတစ်​​ယောက်​ကို သူမက ချစ်​တယ်​ဟု သွား​ပြောလျှင်​ တန်​ဖိုးဖြတ်​မရ​သော သူမအချစ်​များသည့်​ ရယ်​စရာအ​ကောင်းဆုံး ဟာသ တစ်​ပုဒ်​ဖြစ်​သွားနိုင်​သည်​ မဟုတ်​လား။

ဒီ​နေ့ သူမတို့အဖွဲ့ မိဘမဲ့ က​လေးများ​ကျောင်းသို့ သွားရမည်​ ဖြစ်​သည်​။အဖွဲ့​ခေါင်း​ဆောင်​မှာ kris ဖြစ်​​သော်​လည်း အလုပ်​အားလုံး လုပ်​ရသူမှာ သူမသာဖြစ်​သည်​။အစီစဉ်​ အားလုံး သူမဆွဲရသည်​။ပိုက်​ဆံ​စုသည်​မှ အစ က​လေး​တွေအတွက်​ ပစ္စည်းဝယ်​သည်​ထိ အဆုံး အားလုံး သူမတာဝန်​ချည်းပဲ။

IF YOU L♡ VE MEWhere stories live. Discover now