"Arrrrrrr......oppppppaaaaa........Krissssss"
"သူတောင်းစားတွေ လာကြပြီထင်တယ်။တစ်ကျောင်းလုံးကို ဆူညံနေတာပဲ။" သူမနှင့် လက်မသတ်နေရင်း Chen တစ်ယောက် Canada မှ ပြန်လာသော လေးကောင်အား ချိုသာသော စကားနှင့်ကြိုဆိုရှာသည်။
အတန်းထဲသို့ ဝင်လာသော လူလေးယောက်။ Chen ပြောတုန်းက သူမ ယောက်ျားလေးချည်းပဲဟု ထင်နေရာ မဟုတ်။မိန်းကလေးတစ်ယောက်ပါလေသည်။ ထိုတစ်ဥတည်းသော မိန်းကလေးကို chocolate ကောင်က သူ့လက်မောင်းကြားထဲ ထည့်ဖက်၍ဝင်လာသည်။
တစ်ယောက်ကမူ ဟန်အပြည့်နှင့် အာတစ်ချက်သမ်းလိုက်ရင်း နောက်ဆုံးခုံ သူမတို့ဘေးတန်းတွင် ဝင်ထိုင်လေသည်။ ကျန်သည့်တစ်ယောက် Kris....သူ့နားက earphone ကို ဆွဲချွတ်လိုက်ပြီး သူမကိုကြည့်ကာ သူမဆီသို့လျှောက်လာနေသည်။ သူမရင်ခုန်သံတွေမြန်လာသလို.....
"ဒီမှာ ငါပြတင်းပေါက်ဘေးထိုင်ချင်လို့ မင်းတို့ ဟိုဘက်ဘေးတန်း ပြောင်းထိုင်လို့ရမလား" ဘာာာာပြောလိုက်တယ်။ ရောက်တာနဲ့ အချိုးကစပြ တော့တာပဲ။
အခုရောက်လာသည့် လေးကောင်ပါ ထည့်ပေါင်းမှ အတန်းထဲတွင် လူကစုစုပေါင်း လေးဆယ့်သုံးယောက်ရှိသည်။ row သုံးrow ရှိပြီး တစ်row လျှင် ငါးတန်း။ တစ်တန်းမှာ သုံးခုံ။ ထို့ကြောင့် စုစုပေါင်း ခုံမှာလေးဆယ့် ငါးခုံရှိသည်။
သူမ၊ chen နှင့် xiumin တို့ကနောက်ဆုံး ဘယ်ဘက် ပြတင်းပေါက်ရှိသော row တွင်ထိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံး အလယ်တန်းနှင့် corridor ဘက်တန်း နှစ်တန်းကျန်သေးသည်။ အဲ့ဒါကို သွားမထိုင်ဘဲ သူမထိုင်နေသော ပြတင်းပေါက်အတန်းကို လာလုနေသည်။ သက်သက်ရန်လာစနေသည်လား??? ပြတင်းပေါက်ဘေးပဲ ထိုင်ချင်လို့လား???
မည်သို့ပင် ဖြစ်စေသူမကတော့ ပြောင်းမပေးနိုင်။ ပြတင်းပေါက်ဘေးတွင် ထိုင်ပြီး လေအေးအေးလေး တိုက်ခတ်နေသည်ကို ခံစားရသည့် အရသာ။ မိုးရွာသည့် နေ့များတွင် ပြတင်းပေါက်မှန်ပေါ်မှ မိုးစက်လေးများ စီးကျနေသည်ကို ကြည့်ရသည့် အရသာ။ ထိုအရာများကို သူမက အကြောင်းပြချက်မရှိ ဘာကြောင့် အလွယ်တကူ စွန့်လွှတ်ရမည်နည်း။
YOU ARE READING
IF YOU L♡ VE ME
FanficExo fanfiction(KRISYEOL) Romance,School life,Friendship Character-Kris,Chanyeol and the rest of exo members