I love you

1.9K 156 14
                                    

ဒီ​နေ့ hun ​လေးနဲ့ သူ့​ကောင်​မ​လေး လက်​ထပ်​မဲ့​နေ့​ပေါ့။ အဖြူ​ရောင်​ သတို့သမီးဝတ်စုံ​လေး ဝတ်​ဆင်​ထားသူက​တော့ sehun သိပ်​ချစ်​တဲ့ သူ့​ကောင်​မ​လေး Luhan ရယ်​ပါ။ဘေးနားက​နေ သူမလက်​ကိုဆွဲပြီး ​ခေါ်လာ​ပေး​သူက​တော့ Kris ​ပေါ့။ ဟုတ်​ပါတယ်​ luhan က krisရဲ့ တစ်​ဦးတည်း​သော သမီး​လေးပါ။

sehun က luhan ရဲ့မိဘများနဲ့ မိတ်​ဆက်​​ပေးမည်​ ဆိုပြီး ​ခေါ်သွားတဲ့​နေ့မှ သူမ kris ကို ပြန်​​တွေ့ခြင်း ဖြစ်​သည်​။ kris က tao နှင့်​ လက်​ထပ်​ပြီး နှစ်​လကြာ​တော့ Canada ​ပြောင်းသွားကြသည်​။လွန်​ခဲ့​သော ခုနစ်​နှစ်​၊ luhan ဆယ်​တန်း​ရောက်​မှ kris အ​ဖေ ဆုံးသွား၍ korea ပြန်​​ပြောင်းလာကြခြင်းဖြစ်​သည်​။

kris ပြန်​​ရောက်​​နေမှန်း သိ​သော်​လည်း အားလုံး ကိုယ့်​အလုပ်​နှင့်​ ကိုယ်​ရှုပ်​​နေ၍ မ​တွေ့ဖြစ်​ကြ။ ယခုမ သူမသားနှင့်​ kris သမီးမင်္ဂလာ​ဆောင် ​တော့မည်​ဆိုကာမှ chen ​ကောင်းမှုနှင့်​ သူငယ်​ချင်း​တွေ အကုန်​လုံး ပြန်​​တွေ့ဖြစ်​ကြသည်​။

chen နှင့်​ suho က တစ်​တွဲ၊ xiumin နှင့်​ lay က တစ်​တွဲ၊ kai နှင့်​ soo က တစ်​တွဲ၊ ပြီး​တော့ သူမနှင့်​ kris............... သူမ သူ့အ​ရှေ့တွင်​ ထိုင်​​နေ​သော kris ကို ယခုမှ ​သေချာကြည့်​မိသည်​။သူ့မျက်​နှာ အမူအရာ၊ ​ပြောပုံဆိုပုံ၊ နှစ်​​တွေ ဒီ​လောက်​ကြာတာ​တောင်​ ဘာမှပြောင်း လဲသွားခြင်းမရှိပါလား။

"kris နင်​ အရင်​အတိုင်းပဲ နင့်​ကြည့်​ရတာ ဘာမှမ​ပြောင်းလဲ သလိုပဲ"

"နင်​​ကော ​ပြောင်းလဲ သွားလို့လား" kris သူမကို ကြည့်​ပြီး ရယ်​ရင်း ပြန်​​မေး​လေသည်။ သူမ​ကော ​ပြောင်းလဲ သွားလား??? သူမ ကိုယ်​တိုင်​​တောင်​မသိ။ သို့​သော်​ ယခင်​ကလို အမြဲတမ်း ပြုံး​နေတတ်​​သော သူမနှုတ်​ခမ်းက အပြုံးစစ်​​တွေချည်း မဟုတ်​​တော့တာ​တော့ ​သေချာသည်​။

"​အေး​နော်​ ငါတို့​တွေ ဒီလိုကြ​တော့လည်း ဘာမှ မ​ပြောင်းလဲ သလိုပဲ" xiumin က ပြုံးရင်း အားလုံးကို ကြည့်​ကာ ​ပြော​လေသည်​။

IF YOU L♡ VE MEWhere stories live. Discover now