ငိုနေတဲ့ငါ့မှာ
ပန်းသီးတစ်လုံးရှိတယ်
စားရင်ခါးမယ်...
ငိုနေတဲ့ငါ့မှာ
ခေါင်းလောင်းတစ်လုံးရှိတယ်
ခေါက်လိုက်ရင်ငှက်တွေပျံသွားမယ်...
ငိုနေတဲ့ငါ့မှာ
တိမ်နှစ်ပွင့်ရှိတယ်
တစ်ပွင့်ကလွင့်တယ်၊တစ်ပွင့်ကရွာတယ်...
ငိုနေတဲ့ငါ့မှာ
လေယဥ်ပျံတစ်စင်းရှိတယ်
မိုးပေါ်မှာမောင်းလို့မရဘူး...
ငိုနေတဲ့ငါ့မှာ
ချောင်းဆိုးရောဂါရှိတယ်
လူကြီးလူကောင်းတစ်ယောက်နဲ့တူချင်တူမယ်...
ငိုနေတဲ့ငါ့မှာ
မျက်ရည်လုံးဝမရှိဘူး
ကဗျာတွေသာရှိတယ်...။-သူဝေး
-ငိုနေတဲ့ငါ့မှာ
YOU ARE READING
စိတ်လွင်ပြင်
Randomမွန်းကြပ်တာတွေကို စကားလုံးတွေထဲ ထည့်ပိတ် မေ့ပျောက်နိုင်မလား မျော်လင့်လျက်