ညကမေမေနဲ့နောက်ဆုံးစားခဲ့တဲ့ထမင်းဝိုင်းကို အိမ်မက်မက်တယ်
ငယ်ငယ်ဆုံးသွားတဲ့နေ့ရဲ့ညနေစာထမင်းဝိုင်းမှာထိုင်နေကြပေမယ့် ဘယ်သူမှထမင်းမဝင်ခဲ့ကြဘူး
မေမေက ထမင်းစားရမဲ့အစားအသည်းသန်ငိုနေတယ်
ငါကခေါင်းတွေအတော်ကိုက်နေလို့ မစားဖြစ်ဘူး
အကုန်လုံးထမင်းမဝင်ဘဲထမင်းဝိုင်းကိုသိမ်းဖြစ်ကြတယ်မေမေရောဖေဖေရော အဖျားတက်နေတာမို့ညနေကသွားပြီးမပြခဲ့ရတဲ့ဆေးခန်းကိုပြန်သွားကြတယ်
ငါကဓါတ်ဆားရည်ဖျော်ထည့်ပေးလိုက်တယ်
ပြီးတော့ အခန်းထဲဝင်ပြီးစိတ်ညစ်ရင်လုပ်နေကြအတိုင်း variety
show တစ်ခုကိုကြည့်နေတယ် ဒါပေမယ့်မပျော်လာဘူး
အန်တီတို့အသည်းသန်ငိုလို့ ချော့ရသေးတယ်
ပြီးတော့သောက်ထားတဲ့ဆေးရှိန်ကြောင့် အိပ်ပျော်သွားတယ်
မေမေအခန်းတံခါးကိုလာဖွင့်ကြည့်တာတော့ဝိုးတဝါးသိလိုက်သေးတယ်
နောက်နေ့မိုးလင်းတော့ ငယ်ငယ့်အတွက်ဆွမ်းကပ်ကြတယ် မေမေတို့ညီအစ်မတွေ ညီမအငယ်ဆုံးလေးအတွက် ကြေကြေကွဲကွဲငိုကြတယ်
ငါလည်းငိုတာပဲ ငယ်ငယ်ကငါ့ရဲ့အဖော်၊အန်တီ၊ အမေအားလုံးဖြစ်ပေးခဲ့တာ
အဲ့ဒီနေ့နေ့လည်စာမစားဖြစ်ခဲ့ကြဘူး
ငါက ဂရုစိုက်ပြီးကျွေးခဲ့သင့်တာညနေခင်းမှာ မေမေကအောက်ဆီဂျင်ကျလာတယ်
ဒါပေမယ့် အရမ်းမောနေတာမျိုးမရှိဘူး လူကောင်းလိုပဲ
အောက်ဆီဂျင်အသည်းသန်ရှာပေမဲ့မရခဲ့ဘူး
ဆေးရုံကအိမ်ထပ်ပိုကောင်းမှာပဲဆိုပြီးဆေးရုံပို့ဖို့စီစဥ်တယ် ငါတို့နောက်တစ်ယောက်ထပ်မဆုံးရှုံးချင်တော့ဘူးလေ
အောက်ဆီဂျင်လည်းရှာလို့ရသွားပြီ
အားလုံးအဆင်ပြေသွားပြီအဲ့ညနေတော့ငါတို့ထမင်းစားကြတယ် တခြားလူတွေပါထပ်လဲလို့မဖြစ်တာမို့
ဒါပေမယ့် မေမေကငါတို့ထမင်းဝိုင်းမှာမပါတော့ဘူးသူ့တွက်ထမင်းထည့်ပေးလိုက်တယ် ဆေးရုံးမှာစားတာပေါ့
ထမင်းအများကြီးစားဖို့ဖုန်းဆက်ပြောတော့ စားပြီးကြောင်း ဆေးလည်းဘေးလူဆီကတောင်းသောက်ထားကြောင်း ဆေးရုံကဘာမှမလုပ်ပေးလို့ ဆေးတွေ စောင်တွေထပ်ပို့ပေးဖို့
နေလို့ကောင်းတာမို့စိတ်မပူဖို့ အစုံစုံကိုပြောတာငါကတစ်နာရီခြားတစ်ခါလောက်ဖုန်းဆက်နေတော့ ဖုန်းထပ်မဆက်ဖို့ သူလိုအပ်ရင်ပြောမှာပေါ့ဆိုပြီးဆူ
သေးတာအဲ့ဒီညတော့ငါကောင်းကောင်းအိပ်ပျော်သွားတယ် မေမေအားလုံးအဆင်ပြေပြီးပြန်လာမှာလို့စိတ်ချပြီးတော့
နောက်နေ့အာရုံတက်မှာ ငါအရမ်းချမ်းပြီးနိုးလာခဲ့တယ် ပြီးတော့ မေမေကနောက်ဆို ငါတို့ထမင်းဝိုင်းထဲမယ်ထပ်မရှိနိုင်တော့တာ သိလိုက်ရတယ်
ငါမျက်ရည်မကျဘူး အဲ့ချိန်မှာ တစ်ခါမှမချမ်းဖူးတဲ့ အချမ်းမျိုးနဲ့ အသည်းထဲကလှိုက်ချမ်းတာပဲသိတယ်
ငါကငါ့ရဲ့နွေးထွေးမှုကိုဘဝတစ်ခုလုံးစာဆုံးရှုံးလိုက်ရပြီ
YOU ARE READING
စိတ်လွင်ပြင်
Randomမွန်းကြပ်တာတွေကို စကားလုံးတွေထဲ ထည့်ပိတ် မေ့ပျောက်နိုင်မလား မျော်လင့်လျက်