ငါကြောက်နေတယ်
ရှင်သန်ရတာကို ငါကြောက်နေတယ်အရွယ်ရောက်လာတာကို ငါကြောက်နေတယ်
တာဝန်ယူမှုတွေကို ငါကြောက်နေတယ်တစ်ခုခုလုပ်ဖို့ကိုလည်း ငါကြောက်တယ်
ငါ့လုပ်ရပ် ငါ့စကားတစ်ခွန်းကြောင့် ငါ့မိသားစု ငါ့ပတ်ဝန်းကျင်တစုံတစ်ခုမှားယွင်းသွားမှာ ထိခိုက်သွားမှာ ငါကြောက်နေတယ်ငါအရွယ်ရောက်မလာချင်ဘူး
ငါတာဝန်မယူချင်ဘူး
ငါဘာမှမလုပ်ချင်ဘူး
ဒီတိုင်းလေး ဒီကမ္ဘာကြီးမှာ ငါဆိုတဲ့ဖြစ်တည်မှုမရှိသလိုမျိုး ငြိမ်ငြိမ်တိတ်တိတ်လေး ခွေနေချင်တယ်တစ်ခါတစ်ရံ အသက်ရှင်နေရတာက သေဆုံးသွားရတာထက် ကြောက်စရာပိုကောင်းတယ်
YOU ARE READING
စိတ်လွင်ပြင်
Randomမွန်းကြပ်တာတွေကို စကားလုံးတွေထဲ ထည့်ပိတ် မေ့ပျောက်နိုင်မလား မျော်လင့်လျက်