Zawgyi######
Dတို့ရုံးသွားဖို့မနက်စားနေကြသည် ။စားနေရင်းနှင့် ထက်သာကိုသတိပေးရသည် လူတွေကယုံရတာမဟုတ်...
" ထက်သာ မင်းအဖွဲ့ဆို "
"ဟုတ်ကဲ့ သခင်လေး ကျွန်တော်တို့အဖွဲ့ပါ "
"သတိထားပြီးသေချာဂရုစိုက် လူတိုင်းက ကိုယ့်လိုမဟုတ်ဘူး ကြားလား "
"ဂရုစိုက်ပါ့မယ် သခင်လေး "
"ကောင်းပြီ ရုံးညီ သွားမယ် "
ပြောပြီးသခင်လေးကအရေ့ကထွက်သွားသည်
"ဟုတ်ကဲ့ သခင်လေး ဟေ့ကောင်ထက်သာငါတို့သွားပြီနော် ဂရုစိုက်နော် "
"အေးပါကွာ သိပါတယ် "
"ပြီးရော "
ရုံးညီထွက်လာတော့ သခင်လေးမရှိတော့ ကားဆီရောက်နေပြီနေမှာပေါ့ အရင်ထွက်သွားတာပဲဟာ
****
ဒေါက်..ဒေါက်
" ဝင်ခဲ့ "
" သခင်လေးစုံစမ်းခိုင်းထားတာရပါပြီ "
"အွန်း ပြော"
" နာမည်က နိဒါန်းသစ်
အသက်က20 ဇာတိက မန္တလေးကပါ သခင်လေး မိဘတွေကတော့ Sky Group ကဦးသစ်မင်းလူနဲ့ ဒေါ်ဇွန်ပွင့်ဖြူ ပါဗျ လောလောဆယ် ဒီမှာတိုက်ခန်းငှားနေပါတယ်သခင်လေး
E မေဂျာ final ပါ နောက်နှစ်ရက်နေရင် စာမေးပွဲရှိတယ်လို့ကြားပါတယ် ပြီးတော့ သူငယ်ချင်းကတော့တစ်ယောက်ပဲရှိပါတယ် သခင်လေး နာမည်ကတော့....."" မလိုဘူး "
ရုံးညီစကားပြောနေတုန်း သခင်လေးရဲ့ မလိုဘူးဆိုသည့် ခပ်ပြတ်ပြတ်စကားသံကြားလိုက်ရတော့လူက ပြောရမယ့်စကားတောင်ပြန်ဝင်သွားသည် အဲ့သခင်လေးဟာလေ ပြောလိုက်ရင်အမြဲတုံးတိ လူကိုလန့်သွားတာပဲ စိတ်မရှည်ရင်လဲ အော်တတ်သေးသည်
တကယ့်လူ့ဂွစာ အခုလည်းဘာလုပ်ဖို့ရယ်မသိပြန်ဘူး" ရုံးညီ.... ရုံးညီ ...ဟေ့ကောင် လက်ရုံးညီ"
"ဗျာ ဗျာ သခင်လေး "
ရုံးညီတစ်ယောက်ထဲအတွေးထဲမျောနေခိုက်ရုတ်တရက်ထအော်လိုက်တဲ့ သခင်လေးရဲ့အသံပါဝါကြောင့် လန့်သွားရသည်
YOU ARE READING
Don't Touch My Baby✖️(complete)
Romanceကျုပ်အပိုင်လို့သတ်မှတ်ထားတဲ့အရာတစ်ခုကို လုယူဖို့မပြောနဲ့စကားနဲ့ပစ်မှားမိရင်တောင် သာယာနေတဲ့ ခင်ဗျားတို့ဘဝမှာ မုန်တိုင်းမကထန်သွားစေရမယ် အဲ့ဒါကျုပ်ရဲ့ ကတိစကားပဲ ******************** ******************** ပထမဆုံးစရေးတဲ့ficလေးပါ အကေ...