" ကြွရောက်လာကြသော လူကြီးမင်းများခဏလောက်ငြိမ်ပေးကြပါခင်ဗျ အခုကျွန်တော်တို့ရရှိထားတဲ့ဒီရှေးဟောင်းပန်းချီကားကို စတင်ပြီးတော့လေလံပစ်တော့မှာပါ ဒါဆိုတော့ သိန်း၁၀၀၀ကနေစပါမယ် "ဈေးစခေါ်နေချိန်ပေမဲ့ Dငြိမ်ပဲကြည့်နေလိုက်သည် ။ဘေးမှ ထက်သာကိုလည်း ဘာမှမပြောခိုင်းသေး အစပိုင်းတော့ပျင်းဖို့ကောင်းတယ်မလား ။ အရှိန်ရလာမှ ပျော်ဖို့ကောင်းတာလေ ။တဖြည်းဖြည်းနဲ့ဈေးကသိန်း၃ထောင်ထိရောက်နေပြီမို့
" ထက်သာ စတော့ "
" ဟုတ် သခင်လေး "
" သိန်း ၄ထောင် "
"သိန်း၎ထောင်၅ရာ"
" သိန်း ၅ထောင်"
" သိန်း၅ထောင်၅ရာ"
" သိန်း၇ထောင် "
"ကဲ သိန်း၆ထောင်ထိဈေးပေါက်နေပါပြီ ထပ်ခေါ်မဲ့သူရှိသေးလား "
" ဆရာ ဘယ်လိုလုပ်မလဲ ထပ်မလိုက်တော့ဘူးလား "
" တောက်စ် မင်းနဲ့သာနဲ့တွေ့ကြသေးတာပေါ့ကွာ အပြင်ကကောင်တွေကို လှုပ်ရှားတော့လို့ပြောလိုက် "
" ဟုတ်ကဲ့ ဆရာ "
......
ဒီပန်းချီကားက နိုင်ငံခြားဝယ်လက်ဆီပြန်ရောင်းလို့ လည်ခဲ့ရင် ဒီထက်ပိုပြီးတန်ဖိုးမြင့်တာမို့ သိန်း၇ထောင်ကDအတွက်တော့ မပြောပလောက်ပေ ။
အဟက် ဘယ်လိုလဲ အဘိုးကြီး ခင်ဗျားက အပိုင်တွက်ထားတာကိုဗျ ဒီမိန့်ခွန်းဆိုတဲ့ ကျုပ်ရဲ့ရာဇဝင်မှာ အရှုံးဆိုတာမရှိဘူး ။.......
" သခင်လေး ကျွန်တော် အရင်သွားလိုက်မယ် "
" Omm "
ထက်သာထွက်သွားတော့မှ Dလည်းBabyကိုရှာရတော့သည် ။ဒီပေါက်စဘယ်တွေသွားနေလဲ ပြောတော့ ဘယ်မှမသွားပဲ ဒီမှာနေမှာပါတဲ့ အဟက် ငပွေးလေးကတော့ ။
YOU ARE READING
Don't Touch My Baby✖️(complete)
Romanceကျုပ်အပိုင်လို့သတ်မှတ်ထားတဲ့အရာတစ်ခုကို လုယူဖို့မပြောနဲ့စကားနဲ့ပစ်မှားမိရင်တောင် သာယာနေတဲ့ ခင်ဗျားတို့ဘဝမှာ မုန်တိုင်းမကထန်သွားစေရမယ် အဲ့ဒါကျုပ်ရဲ့ ကတိစကားပဲ ******************** ******************** ပထမဆုံးစရေးတဲ့ficလေးပါ အကေ...