" ချာတိတ် ကိုယ့်ကို တကယ်မမှတ်မိဘူးလား "" မသိဘူး ရှိုင်း မင်းသိလား "
" ဘယ်သိမလဲကွ "
" အဟွန်း အဲ့တုန်းက ချာတိတ်က မူးနေတာကို ဘယ်မှတ်မိပါ့မလဲ "
အသစ်မူးနေတုန်းက ဘယ်တုန်းကပါလိမ့် ။လာရောနေတာကြီးပဲလားသိ ရုပ်ရှင်ရုံထဲ ဝင်ခါနီးမှာပင် အနောက်ကလှမ်းခေါ်၍ မမှတ်မိဘူးလားဆိုကာ အစချီကာ ရုပ်ရှင် အတူလိုက်ကြည့်မယ်ဆိုလို့ အသစ်မတားပါဘူး သူ့မျက်လုံးနဲ့ကြည့်တာပဲကို ။အခုလည်း မုန့်လိုက်ကျွေးပါရစေ အတင်းဖြစ်နေတာနဲ့ ရှိုင်းရဲ့ ကောင်းမှကြောက့်ရောက်လာခဲ့သည် ။
" ချာတိတ်ကိုယ်ပြောတာကြားလား "
" ဘာလည်း ဘာပြောလိုက်တာလည်း "
" ဖုန်းနံပါတ်ပေးမလားလို့ "
" sorry ဗျ အသစ်က ဆင်းကဒ်မသုံးဘူး "
" ဖုန်းမဆက်ဘူးပေါ့ ချာတိတ်က "
" ဆက်ပါတယ် လူကြီးဖုန်းနဲ့ "
" aww ဒါနဲ့လူကြီးဆိုတာ "
" သူ့ယောကျာ်းဗျာ အတော်စပ်စုတာပဲ ခင်ဗျားက "
ခွန်းမေးတာများတော့ ချာတိတ်သူငယ်ချင်းကဝင်ပြောတော့သည် ။လူကြီးဆိုတာ ဒီမိန့်ခွန်းကိုပြောတာဖြစ်မယ် ကိုယ်က အခွင့်မသာခဲ့သူပါ ချာတိတ်ရယ် ။
" ဟိုလေ အသစ်တို့ပြန်တော့မယ်ဗျ နောက်ကျနေရင် လူကြီး စိတ်ပူမှာဆိုး....
(Come on,come on (ဖုန်း raintoon)
Turn the radio on,
It's friday night,)အသစ်စကားပြောနေတုန်းပင် ဖုန်းဝင်လာသည်မို့ ကြည့်လိုက်တော့ လူကြီးဆီကပင် ။စောနကဆင်းကဒ်မသုံးဘူးပြောထားပေမဲ့ phကထလာသည်မို့ မျက်နှပြောင်တိုက်စွာပဲ ထွက်လာခဲ့သည် ။
" ခွင့်ပြုပါအုံးဗျ "
(ဟယ်လို )
" ဟယ်လို လူကြီးပြောလေ ဘာမှာမို့လဲ "
"ဘာမှမမှာဘူး အမြန်သာပြန်လာခဲ့ "
" အဟွန်း ဟုတ်ကဲ့ပါဗျ "
ခွန်းသူ့ရှေ့မှ ဖုန်းပြော၍ထွက်သွားသော ချာတိတ်ကိုကြည့်ပြီး ရယ်လိုက်မိသည် ။ကိုယ့်ကို ဖုန်းနံပါတ်မပေးချင်လို့ လိမ်ပြောပြီး ဟိုကဖုန်းထဆက်တော့ မသိချင်ယောင်ဆောင်ကာ ဖုန်းပြော၍ အေးဆေးထွက်သွားလေသည် ။မင်းကအချေလေးပဲ အဟက် ။
ကိုယ်သဘောကျတယ်ဆိုပေမဲ့လည်း တောင်းပန်ပါတယ် ချာတိတ် မင်းမုန်းတာမလိုချင်ပေမဲ့ပေါ့ ။
YOU ARE READING
Don't Touch My Baby✖️(complete)
Romanceကျုပ်အပိုင်လို့သတ်မှတ်ထားတဲ့အရာတစ်ခုကို လုယူဖို့မပြောနဲ့စကားနဲ့ပစ်မှားမိရင်တောင် သာယာနေတဲ့ ခင်ဗျားတို့ဘဝမှာ မုန်တိုင်းမကထန်သွားစေရမယ် အဲ့ဒါကျုပ်ရဲ့ ကတိစကားပဲ ******************** ******************** ပထမဆုံးစရေးတဲ့ficလေးပါ အကေ...