Don't Touch My Baby (part 20)end

13.9K 297 4
                                    

"ခင်ဗျား အသစ်ကိုဘာလို့ခေါ်လာတာလဲ ခင်ဗျားကို အသစ်ဘာလုပ်မိလို့လဲ"

" ဟွန်း ချာတိတ်ကသာဘာမှမလုတ်ပေမဲ့ ချာတိတ်ရဲ့ချစ်လှစွာသော ယောက်ျားက ကိုယ့်အတွက်ဂြိုလ်ဆိုးပဲ သိလား "

" မသိဘူးသိစရာလဲ မလိုဘူး ခင်ဗျားကသာ ကျွန့်တော့်အတွက်ဂြိုလ်ဆိုး "

" ဟားဟား မင်းလူြးီးထိတော့ မခံနိုင်ဘူးပေါ့ ဒီထက်မခံနိုင်စရာတွေလာအုံးမှာ ပျော်ပျော်ကြီးစောင့်ကြည့်လိုက်ပါအုံး "

" ခင်ဗျားဘာတွေယုတ်မာထားတာလဲ "

" ရှူး... ယုတ်မာတယ်မသုံးရဘူးကွ နားခါးတယ် လှည့်ကွက်သုံးတယ်လိျု့ပြောရတယ် အဟက် "

" ခင်ဗျားက sရှက်မရှိပါလားဟမ် ယောက်ျားလေးချင်းပဲ ဒဲ့မရှင်းရဲဘူးလား ဟမ် သတ္တိကနည်းပါ့ သွေးကြောင်ချက်က ဟားဟား "

" မင်းပါးစပ်ကလေးပိတ်နေလိုက်တော့ ချာတိတ် ကိုယ်စိတ်ကအဆိုးမရဘူနော် "

" အဲ့တော့ ဘာလဲ ကျွန်တော်ကကြောက်ရမှာလား ဝေးသေး"

"ကြောက်ရမှာလားမကြောက်ရဘူးလားသိချင်ရင် ခဏပဲစောင်ကြည့်လိုက်တော့ သိရမှာပါ မင်းလင်ကို ငါခေါ်ထားတယ် တစ်ယောက်ထဲလာခဲ့ဖို့ ဘယ်လောက်ချစ်လဲ ကြည့်လိုက်ပါအုံး ဟားဟား"

ပြောလိုက်တဲ့စကားကြောင့် အသစ်ခဏတော့ငြိမ်သွားရသည် ။လူကြီးက တစ်ယောက်ထဲလာမှာလား ။ဘယ်လိုပဲ ပြောပြော စိတ်ပူရတာတော့အမှန်တကယ်မို့ သူသေမှာထက် လူကြီးတစ်ခုခုဖြစ်သွားမှာကိုပျိုကြောက်သည် ။

" ဘယ်လိုလဲ စကားတောင်ပြန်မပြောနိုင်တော့ပါလား "

" ခင်ဗျားလိုလူနဲ့ ပြိုင်ပြောရမှာ ပါးစပ်သနလို့ မပြောတာ ရှင်းလား "

" အဟက် စောင့်ကြည့်လိုက်မယ် ခနနေရင် ငိုပွဲဆင်ရမှာကို "

အသစ်တို့အလးထဲမှာစကားများနေတုန်း အပြင်မှ တိုက်ခိုက်နေသံများကြားလာရသည် ။ဟင် လူကြီးရောက်လာတာများလား ။လာမယ်ဆိုတာသိပေမဲ့ မလာပါနဲ့ဟူသော အသစ်ရဲ့ တောင်းဆုတစ်ခုသည် တံခါးဝသို့ ခြေချလာသောလူသားကြောင့်တောင်းဆုတို့မပြည့်ဝနိုင်ခဲ့ ။အသစ်ကိုလှမ်းကြည့် တည်တင်းခက်ထန်နေသော လူကြီးရဲ့ မျက်နှာကြောင့် ဘယ်အတိုင်းတာထိ ဒေါသဖြစ်နေလဲ ခံစားလို့ရနေခဲ့သည် ။

Don't Touch My Baby✖️(complete)Where stories live. Discover now