20

327 51 25
                                    

ဆေးရုံ ကုတင်ပေါ် ဂျုန်းသည်ငြိမ်သက်စွာထိုင်နေပြီး
ဘေးနားတွင် မေမေနှင့်ပက်သက်ဖူးသည့် ထိုအမျိုးသားလည်းရှိနေသည်။သူ့အား အားပေးသည်မျက်လုံးများဖြင့်အကြည့်ပို့ထားပြီး စကားစတွေထွက်ကျလာဖို့ သူ့ရဲ့ဆေးပိုက်တန်းလန်းနဲ့လက်ဖဝါးကိုအုပ်မိုးကာကိုင်လိုက်သည်။

''ရတယ်...ဖြေလို့ရတယ်လေ ဂျုန်း''

တကယ်ဆို သူကြောက်မနေပါဘူး ။သူ့ကိုယ်သူမယုံကြည်နိုင်တာလေးပါပဲ ။ ဒီလောက်အခြေအနေထိကိုအသက်ရှင်နိုင်သေးတာကိုရော မွှန်ထူပြီးကိုယ့်ကိုယ်ကိုယ်
အရမ်းနာမှန်းသိတာတောင်ခုန်ချလိုက်မိတာရော။

''ကိုယ့်ကိုယ်ကိုလုပ်ပစ်တာ...  ဘယ်သူ့ပယောဂမှမပါဘူး''

သူ့အဖြေကိုအကုန်လုံးစောင့်ဆိုင်းနေပုံရပြီးသူ့အဖြေကြောင့် ရေးသူကရေးမှတ်သူကမှတ်နဲ့ ။

''ဆေးတွေကရော ဘယ်သူ့ဆီရောင်းဖို့လဲ..ဘယ်ကရလာတာတွေလဲ။''

''ကျွန်တော်မသိဘူး... ခေါင်းကိုက်လာပြီ''

ထပ်တူအဖြေတွေချည်းပေးတော့ အမှု့အခြေအနေသည်ရှေ့ဆက်တိုးမရတော့ဘဲရှိပြီး တစ်ခန်းရပ်သွားခဲ့သည်။
ကိုယ့်ရဲ့မိုက်ရူးရဲဆန်မှု့ကြောင့်တခြားလူတွေထပ်ထိခိုက်လို့တော့ မရဘူးမဟုတ်လား။

တစ်လပါ... တစ်လလုံးလုံးအသည်းအသန်အခြေအနေကနေ သတိရလာတော့ ကြားလိုက်ရတဲ့သတင်းကစိတ်ကျေနပ်စရာတော့မရှိ မေမေဆုံးပြီတဲ့။ မေမေဆုံးတာတောင်မသိလိုက်ဘဲ ဂျုန်းကတော့အချစ်ရူးလို့ကောင်းတုန်းပဲမေမေ ။ မငိုမိပါဘူး ငိုရမလားမငိုရဘူးလားတစ်ချိန်လုံးစဉ်းစားနေပေမယ့်လည်း မျက်ရည်မှကျမလာတော့တာ။

မေမေ့အနားမှာ တစ်ချိန်လုံးရှိခဲ့ပေးတဲ့လူကိုတော့ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောမိတယ်။
ထပ်ပြီးအားမနာစတမ်းတောင်းဆိုခဲ့တာက မေမေ့အရိုးပြာကိုဘူဆန်မှာမထားစေချင်လို့ ဒယ်ဂုမှာနေတဲ့သူ့နဲ့ထည့်ပေးလိုက်ပြီး သံယောဇဉ်တွေအကုန်ဖြတ်ချင်ခဲ့တယ်။

ထပ်ပြီးရှင်သန်ရဦးမယ်မဟုတ်လား။ သေမှမသေဘဲကို
ထပ်ပြီးလည်းမသတ်သေရဲတော့သလို ထပ်ပြီးနာကျင်ရမှာလည်းကြောက်လာတယ်။

_JK_ [yoonkook/jihope]Where stories live. Discover now