29

237 28 46
                                    

ဟိုတယ်ဝန်းထဲ အရှိန်မှန်မှန်ဖြင့်ဝင်လာသောကားတစ်စီးရှိသည်။
အနက်ရောင်ဝတ်စုံနဲ့လူနှစ်ဦးကိုမြင်လျှင် ဘယ်ကပြန်လာခဲ့ကြမှန်းသိသာလွန်းပါ၏။
ရှေ့ကတစ်ယောက်ကတော့ rap lineအဖွဲ့က နာမည်ကြီးအဆိုတော်မှန်းသိကြပေမယ့် အနောက်ကခပ်လေးလေးနဲ့လိုက်လာတဲ့သူကတော့ သူဋ္ဌေးသားတစ်ယောက် ဒါမှမဟုတ်လည်းဖက်ရှင်ပိုင်းဆိုင်ရာတစ်ခုခုမှာ လုပ်ကိုင်နေတဲ့လူငယ်တစ်ယောက်လို့တော့ ထင်ကြလိမ့်မည်။ ဒီအရပ်အမောင်း ဒီရုပ်ရည်နဲ့ မော်ဒယ်လ်ဘွိုင်းတစ်ယောက်ထက်တောင်ကြည့်ကောင်းဦးမည်။

ခပ်လှမ်းလှမ်းကလိုက်လာပေမယ့် ဘယ်သူမြင်မြင်အသိမိတ်ဆွေရင်းနှီးတဲ့အနေအထားတစ်ခုဆိုတာသိသာပါ၏။

ဟိုတယ်ထဲဝင်ဝင်လာချင်း အဝေးကနေ ဓာတ်ပုံရိုက်သူကရိုက်မှတ်တမ်းတင်သူကတင်နဲ့ မင်ယွန်းဂီကို ဒယ်ဂုမှာတွေ့ခဲ့တယ်ဆိုတဲ့သတင်းက ဟိုးလေးတကျော်။ ပျောက်ချင်းမလှပျောက်နေကြလို့လည်း ဖန်တွေကသတင်းအစအနလေးတွေ့ရင်တောင် twitter(X)မှာ worldwide trending ဖြစ်ကုန်တဲ့အထိ။

မင်ယွန်းဂီလို အေးစက်စက်နဲ့နေတက်တဲ့အဆိုတော်ဆီမှာ ဒီလိုအထာကျပြီးလူငယ်ဆန်တဲ့ကောင်လေးတစ်ယောက်နဲ့ အတွဲမိမိသူငယ်ချင်းပုံစံရှိနေခြင်းဟာ တစ်မျိုးတစ်ဖုံစိတ်ဝင်စားရာသတင်းတစ်ပုဒ်အနေနဲ့လည်း သဘောကျစွာတင်နေကြသေးသည်။

''ဘမ်ကိုကိုယ်သွားခေါ်လိုက်မယ်...ရေစိုထားတဲ့အဝတ်တွေလဲထားနှင့်လိုက်တော့...ဖျားကုန်တော့မှာပဲ...''

''ယွန်းဂီ...''

အခန်းထဲ ရေစက်လက်နဲ့ပဲပြန်ထွက်ဟန်ပြုတဲ့အခါ ညင်ညင်သာသာလေး လက်ကြားလေးထဲ သူ့လက်ချောင်းလေးထည့်ကာ ခေါင်းတစ်လုံးစာပိုမြင့်တဲ့အရပ်ကြီးနဲ့သူ့ကိုယ်ထဲတိုးဝင်လာသည်။

မှီရုံလေးပေမယ့် အမြဲတမ်းလိုလိုသူပြန်ဖက်လိုက်မှ တစ်ကိုယ်လုံးတိုးဝင်တတ်တာမို့ အခုလည်းသူဖက်တာကိုဂျေကေ့စောင့်နေပုံရပါတယ်။

ဖက်ဖို့ဝန်လေးစရာအကြောင်းမရှိဘူး။ သူနဲ့ဂျေကေနဲ့က ဘေးလူတွေအမြင်မှာဘယ်လိုပဲနေနေ သူတို့ကအဆင်ပြေတာထက်တောင်ပိုတဲ့ ဆက်နွယ်မှု့တစ်ခုရှိခဲ့ပြီးသား။

_JK_ [yoonkook/jihope]Waar verhalen tot leven komen. Ontdek het nu