ရိုင်းရိုင်းစိုင်းစိုင်းစကားမဆိုနှင့် သူဆိုတာ အလှလေးကိုအသံမာမာပြောမိရင်တောင်
မကြိုက်တက်တဲ့သူဖြစ်လာပြီ။
တက်မက်ပြီးကြည့်ဖို့မပြောနဲ့ ဒီအလှလေး ကို လှလို့ကြည့်မိရင်တောင် ချက်ချင်းဖွက်ထားချင်လိုက်ချင်တဲ့အထိ
သူ့ အချစ်တွေသေချာနေခဲ့ပြီ။သတ္တိတွေမရှိခဲ့လို့မဟုတ်ပါဘူး ဖျက်ဆီးမိမှာစိုးလို့ပါ။
သူ့ကြောင့် ပျက်စီးသွားမှာစိုးလို့။
အလှလေးထိခိုက်သွားမှာစိုးလို့ပါ။ဒါတွေကြောင့်စိတ်တွေဝေဝါးနေပေမယ့် ဒီအလှလေးကိုသူမှမကာကွယ်ပေးရင် ဘယ်သူမှကာကွယ်ပေးနိုင်မယ်မထင်ဘူး။
ကလပ်မှာအလုပ်လုပ်နေတဲ့အပျက်တစ်ယောက်မို့လို့လား
ဒါတွေ့ကြောင့်ချိတုံချတုံဖြစ်နေတာလားဆို ဂျောင်ဟိုဆော့တို့က ဟင့်အင်းလို့ပြန်ဖြေမိမှာပဲ။ဒီယောက်ျားငယ် ကလပ်မှာပဲလုပ်လုပ် ဘယ်လောက်ပဲပျက်စီးနေပါစေ ချစ်မိသွားတဲ့အတွက် ဂျီမင်ကတန်ဖိုးကြီးလွန်းလို့ သူနဲ့မထိုက်တန်မှာစိုးလို့ပါ။
သူ့ကိုနည်းနည်းလေးတောင်ခနဲ့ဖို့ကြိုးစားခွင့်မရှိဘူး ။
လှောင်ခွင့်မရှိဘူး ။
ဂျောင်ဟိုဆော့ရဲ့အချစ်တွေက ဒီလိုတွေပါလို့ချပြစရာမလိုလောက်အောင်ချစ်ပြချင်တာ ကာကွယ်ပေးချင်တာ။လှလွန်းလို့ ရူးနှမ်းနေခဲ့တာအမှန်ပေမယ့် တစ်ဆင့်တက်ပြီး
ဒီအလှလေးကိုအပိုင်လိုချင်နေတာ။
စည်းတွေဘောင်တွေနဲ့တော့
မချုပ်ကိုင်ရဲပါဘူး။
သူနေချင်နေ သူပျော်ဖို့အတွက်ပဲ ဦးစားပေးမို့
လုံခြုံတဲ့ တခြားရင်ခွင်ဆီသွားချင်ရင်တောင် ထိုးထည့်ပေးဦးမှာပါ။
သူပျော်သလိုပေါ့
ဒီလိုမဟုတ်ဘဲနဲ့တော့ သူကဆွဲထားဦးမှာ။သူပျော်သလိုပေါ့လို့ဆိုပေမယ့် မျှော်လင့်ချက်တွေနဲ့စောင့်နေရတဲ့ဒီလူကတော့ပျော်သလိုမရှိနေတာ အလှလေးသိစေချင်တယ်။
မပျော်နေပါဘူး အလှလေးကိုတစ်ချိန်လုံး
တိုက်အကြီးကြီးထဲ ထည့်သိမ်းထားဖို့ပဲတွေးနေမိတဲ့ဒီလူက အရူးလိုဖြစ်နေပြီဆိုတာသာသိရင်ဂျုန်းတော့ရီနေ တော့မယ်။
သူများချစ်ခြင်းတွေကျခွဲပြီး ဂျောင်ဟိုဆော့တို့ချစ်ခြင်းတွေကျတော့ တိုက်အကြီးကြီးထဲဖွက်ထားတဲ့အထိ တုန်တက်နေလိုက်တာများဆိုပြီး ဂျုန်းတော့လှောင်နေဦးမှာ။
VOCÊ ESTÁ LENDO
_JK_ [yoonkook/jihope]
Romanceဂျေကေ ကသိပ်ခက်တယ်... သူ့အကြောင်းသိဖို့ဆို သူနောက်လိုက်ကြည့်မှရမှာ... _jk_