☕ 1

386 48 8
                                    

[Zawgyi]

ဂျွန် အမြဲ သွားထိုင် ဖြစ်တဲ့ ဆိုင်ကလေး ...
နာမည်လေး က Coffee and Strawberry Cafe  ။ ဂျွန် က  Coffee ကို စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တဲ့ သူ တစ်ယောက် ပါ ။ Coffee ဆိုင်လေး တွေ ကို ရှာရှာဖွေဖွေ လိုက်ရှာပြီး Coffee အရသာ ကို မြည်းစမ်းကြည့်လေ့ရှိတယ် ။ ဒါက ဂျွန် ရဲ့ ဝါသနာ တစ်ခု ရူးသွပ်မှု တစ်ခု ပဲ ။ Coffee ကို ကြိုက်နှစ်သက် ပေမဲ့ ဂျွန့် က ခပ်အေးအေး ကောင်လေး တည်ငြိမ်တဲ့ ကောင်လေး မဟုတ်ပါ ။ ဂျွန် က ‌Coffee ကြိုက်တဲ့ ခပ်ဟော့ဟော့ လူငယ်လေး တစ်ယောက် ။ အခု တလော ထိုင် ဖြစ်နေတဲ့ ဆိုင်လေး ကလည်း ရှာတွေ့ထားတာ မကြာသေးဘူး ။ နာမည်အဆန်းလေး ကြောင့် ရော ဆိုင်ပိုင်ရှင် လေး ကြောင့် ရော လူငယ်တွေ ကြားထဲ ရေပန်း စား နေတဲ့ Coffee ဆိုင်ကလေး ။  Coffee အရသာ နဲ့အတူ ဆိုင်ပိုင်ရှင်လေး ရဲ့ ချောမောမှု ကြောင့် လူငယ် လူရွယ် တွေ အလာများတယ် ။

ရယ်လိုက်ရင် လေးထောင့် အပြုံးလေး ဖြစ်သွားတဲ့ ဆိုင်ပိုင်ရှင်လေး ကင်မ် ။ ဂျွန် Coffee တွေ ကို စွဲလန်းရူးသွပ်သလို မျိုး ဆိုင်ပိုင်ရှင်လေး ရဲ့ အပြုံး ကို လည်း စွဲလန်းရူးသွပ်နေပြီ ။ တနေ့ကို အနည်းဆုံး တခေါက် ရောက်အောင် လာဖြစ်တဲ့ ဆိုင်ကလေး ။ ထူးထူးဆန်းဆန်း Dessert တွေက Strawberry နဲ့ပဲ လုပ်ထားတာမျိုး တွေ ကိုပဲ ရတယ် ။ ပြီးတော့ Strawberry သီး လတ်လတ်ဆတ်ဆတ် တွေ ကိုလည်း သုံးဆောင် လို့ ရသေးတယ် ။ ဒါ က တစ်မျိုးတော့ တစ်မျိုး ပဲ ဖြစ်ပေမယ့် အများ နဲ့ မတူတာမျိုး ကို ဂျွန် က ပို စိတ်ဝင်စားတယ် ။
ဂျွန် အမြဲတမ်း သောက်ဖြစ်တဲ့ Espresso လို မျိုး ခါးသက်သက် နဲ့ အသွေးအသားထဲထိ စိမ့်ဝင်သွားတတ်တဲ့ ကင်မ် ရဲ့ အညိုရောင် မျက်ဝန်းသေ တွေ ။  ကင်မ် ရဲ့ ရွှေရောင် ခပ်ဝင်းဝင်း အသားရောင်  ....  ဂျွန် သိပ်သဘောကျတယ် ။ တခါတလေ ကောင်တာမှာ ထိုင်‌နေတဲ့ ကင်မ့် ကို ဂျွန် စကား တွေ သွားပြောရင် အင်း မလုပ် အဲမလုပ် ခပ်စစ အပြုံးလေးပဲ ပြုံးပြတယ် ။ ကင်မ့် ကို စကား သွား ပြောကြတာ ဂျွန် တစ်ယောက်တည်း  မဟုတ်ဘူး ။ ကင်မ် က လာပြောတဲ့ လူတိုင်းကို အပြုံးခပ်စစ နဲ့ ပဲ တုံ့ပြန်တတ်တယ် ။  ဂျွန့် အတွက်က ကင်မ် ဖျော်ပေးတဲ့ Coffee လေး ထိုင် သောက်ရင်း ကင်မ့် မျက်နှာလေး ငေးကြည့်‌နေရတာ နဲ့တင် ဘဝ က နေပျော် နေ တယ် ။

Coffee,He and I ☕Opowieści tętniące życiem. Odkryj je teraz