☕ 3

238 38 5
                                    

[Zawgyi]

ကင်မ် ရဲ့ Coffee ဆိုင်လေး က ဒီနေ့ လူစည်ကားနေတယ် ။ Sunday ဆိုတော့ ကင်မ့် ဆိုင်ကလေး မှာ Coffee Date လာလုပ်ကြတဲ့ ချစ်စရာ အတွဲလေးတွေ နဲ့ ကင်မ့် ကို မျက်စိအစာလာကျွေးကြတဲ့ ခပ်မိုက်မိုက် ဘဲလေး တွေ ကြောင့် ပေါ့ ။ ကင်မ် Coffee ဖျော်နေရင်း ဆိုင်အပြင် က ခပ်ပြင်းပြင်း ဆိုင်ကယ် သံကြောင့် ပြုံးမိတယ် ။ ဂျွန် ရောက်လာပြီပဲ ။ ကင်မ် Coffee ဆက်ဖျော်နေပြီး ဂျွန် Counter ကို လာမှာ တာ ကို နားစွင့်နေလိုက်တယ် ။

"Espresso နဲ့ Mocha တစ်ခွက်စီ ရယ် strawberry cake အသေး 1 ခု ရယ် ပေးပါ ကင်မ်"

မှာပုံ ပြောင်းသွားတာမို့ မော့ကြည့်မိတော့ ဂျွန့် ဘေးနား မှာ ခပ်လန်းလန်း ချစ်စရာကောင်မလေး တစ်ယောက် ။ ကင်မ် နဲ့ အကြည့်ချင်းဆုံတော့ ပြုံးပြတယ် ။ ကင်မ် မပြုံးပြချင်ပေမယ့် ပြန်ပြုံးပြရတယ် ။ ဆိုင်ကို လာတဲ့ Customer တိုင်း ကို အပြုံးချိုချို နဲ့ ဆက်ဆံ ဖို့က ကင်မ့်တာဝန် မလား ။ ကင်မ် ဂျွန့် ကို ခေါင်းညိတ်ပြပြီး လုပ်စရာ ရှိတာ ဆက်လုပ်နေလိုက်တယ် ။

"ယူရီ သွားထိုင်ရအောင် ရတော့မှ လာယူလိုက်မယ်လေ"

"အင်းပါ ဂျောင်ကု ရယ်"

ကင်မ် နားမထောင်လည်း ကြားနေရတဲ့ စကားတွေ ကြောင့် စိတ်သိပ်အလိုမကျပါ ။ ဂျွန် နဲ့ အဲ့ တယောက် က အရမ်းရင်းနှီးတာပဲလား ။ ဂျွန်ကရော ကင်မ့်ဆိုင် ကို ဘာလို့ ကောင်မလေး ခေါ်လာတာလဲ ။

ဖျော်ပြီးတဲ့ Coffee 2 ခွက် နဲ့အတူ Strawberry Cake အသေးလေး ပါ ထုတ်ပြီး ဗန်းထဲ အဆင်သင့် ချပေးထားလိုက်တယ် ။ တချိန်လုံး ကောင်တာ ကိုပဲ ကြည့်နေတဲ့ ဂျွန် က ချက်ချင်းထပြီး လာယူတယ် ။ ကင်မ့် စိတ်ထဲ မကျေမနပ်ဖြစ်သွားတယ် ။ ဂျွန် က အဲ့ တယောက် ဗိုက်ဆာ မှာ ကို အရမ်းစိုးရိမ်နေတာလား  ။
ကင်မ် ဘာဖြစ်လို့ မကောင်းတဲ့အတွေး တွေ ဝင်နေရတာလဲ ။ တကယ်ဆို ဂျွန် က ကင်မ် နဲ့ ဘာမှ မဟုတ်ဘဲနဲ့ကို ။ ဂျွန် ဘယ်သူ့ကိုပဲ ခေါ်လာပါစေ ကင်မ် က Customer တိုးလာလို့ ဝမ်းသာရမှာမလား ။ ဂျွန် နဲ့ အဲ့တယောက် ထိုင်ပြီး စကားပြောနေတာကို ကင်မ် အလုပ်လုပ်နေရင်း တချက် တချက် လှမ်းကြည့်နေမိတယ် ။ ဘာလဲ ဂျွန် က ရယ်နေတာလား ။ အရမ်းပျော်နေပုံပဲ ။ အဲ့တယောက် ကလည်း ရယ်နေတယ် ။ ကင်မ် စိတ်တွေ တော်တော်ကို မှ မသက်မသာ ဖြစ်လာရတယ် ။ ‌Coffee ဖျော်ရတာတောင် မပျော်တော့ဘူး ။

Você leu todos os capítulos publicados.

⏰ Última atualização: Feb 02 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Coffee,He and I ☕Onde histórias criam vida. Descubra agora