☕ 2

160 31 4
                                    

[Zawgyi]
အချိန်က ည ၇ နာရီခန့်......ကင်မ် လမ်းလျှောက်နေတုန်း အနောက်ကနေ ဆိုင်ကယ် သံ ကြားရတာ မို့ ဘေး ကို ကပ်ပေးလိုက်တယ် ။ ဒါပေမဲ့ ကင်မ့် ကို ကျော်မသွားဘဲ ဘေး က ဖြည်းဖြည်းကပ်မောင်း တယ် ။ ကင်မ် တချက်ပြုံးမိသွားသလား ပဲ ။

"ရဲရဲ ပြုံးပါ ကင်မ်ရယ် ကျနော် က ဘာလုပ်မှာမလို့လဲ"
"ကျနော် လိုက်ပို့ပေးမယ်လေ ကင်မ့် အိမ် ကို"

ကင်မ့် ရဲ့ အိမ် နဲ့ ဆိုင်ကလေး က ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ် ။ ကင်မ် ငြင်းဖို့ စဉ်းစားလိုက်ပေမယ့် မျှော်လင့်ချက်တောက်ပတဲ့ မျက်ဝန်းတစုံကြောင့် လက်ခံလိုက်တယ် ။

"ဟုတ်ပြီလေ ဖြည်းဖြည်းမောင်းမယ် လို့ ကတိပေးပါ"

"ကျနော့် ကို ယုံပါ ကင်မ် အန္တရာယ်မဖြစ်စေရပါဘူး"

ကင်မ် ဆိုင်ကယ်နောက်က ခွထိုင်ပြီး ဂျွန့် ရဲ့ ပခုံးတွေ ပေါ် လက်နှစ်ဖက် နဲ့ ကိုင်ထားလိုက်တယ် ။ ခါး ကို ကိုင်ဖို့ အတွက်ကျတော့ အဆင်မပြေဘူး မလား ။ 
ဂျွန် က ဆိုင်ကယ်ကြီး ကို ခပ်ဖြည်းဖြည်းပဲ မောင်းတယ် ။ ‌တချက် တချက် တိုက်ခတ်လာတဲ့ လေပြေညင်း က စိမ့်ကနဲ စိမ့်ကနဲ ပဲ ။

"ဂျွန် ကျနော့် အိမ် က ဒီလမ်း မဟုတ်ဘူး"

"ကျနော် ကင်မ့် အိမ် ဘယ်မှာလဲ ဆိုတာ သိပါတယ် ကျနော့် နောက်ကသာ လိုက်ခဲ့ပါ"

လမ်းလျှောက်ရင် ၁၀ မိနစ် နဲ့ ရောက်တဲ့ ကင်မ့် အိမ်ပြန်ခရီး က ဆိုင်ကယ် နဲ့ပြန်မှ နာရီဝက်ကြာသွားတယ် ။ ကွေ့ပတ်ပြီး မောင်းနေတဲ့ ဂျွန် က ကင်မ် နဲ့ အချိန်တော်တော်ကြာ ရှိချင်နေတဲ့ပုံ ပါပဲ ။

"ရောက်ပြီ ကင်မ်"

"ဪ ဒီည ရောက်ပါ့ဦးမလား စိုးရိမ်နေတာ"

ကင်မ် က မကျေမနပ် အငေါ်တူးတူးလေး ပြောတော့ ဂျွန် က ရယ်တယ် ။ ဂျွန် ရယ် ရင် တချက်တချက် မှင်သက်သွားရတဲ့ အထိ ဆွဲဆောင်မှုရှိလွန်းတယ် ။

"အခု ရောက်နေပြီကို အားးး အေးလိုက်တာ နော် ကျနော့်ကို အိမ်ထဲ ခေါ်ပြီး Coffee တစ်ခွက်လောက် မတိုက်ချင်ဘူးလား ကင်မ်"

"တကယ်ပါပဲ လိုက်ဝင်လာခဲ့"

ကင်မ် ရဲ့ ခြံလေးထဲ ကို ဂျွန့် ရဲ့ ဆိုင်ကယ်ကြီး ပါ သွင်းလိုက်ပြီး အိမ်ထဲ ဝင်လာကြတယ် ။ Coffee ရောင် နံရံ တွေ က ဂျွန့်အတွက် သဘောကျချင်စရာပါပဲ ။ ကင်မ် Coffee သွားဖျော်နေတုန်း ဂျွန် ဧည့်ခန်းလေးထဲ ကို လိုက်ကြည့်နေမိတယ် ။ ဘာမှ ထွေထွေထူးထူး ပြင်ဆင်ထားတာ မရှိဘဲ နဲ့ နံရံကပ် သုံးဆင့် သစ်သားစင်လေး ပေါ်မှာ လှပတဲ့ Coffee ကြွေခွက်လေး တွေ အများကြီး စီစီရီရီတင်ထားတယ် ။ မှန်စားပွဲပေါ်က ကြွေပန်းအိုး အဖြူလေး တစ်လုံး မှာ အဝါရောင် နှင်းဆီ တစ်ပွင့် ထိုးထားတယ် ။ ကင်မ့်ဧည့်ခန်း က Coffee ရောင် နံရံ တွေကြောင့် ပိုထူးခြားသွားတာ ဖြစ်မယ် ။ ရိုးရိုးရှင်းရှင်း နဲ့ ကို တခုခု ထူးခြားနေတာမို့လေ ။

Coffee,He and I ☕Dove le storie prendono vita. Scoprilo ora