Part - 1

2.6K 221 45
                                    


ဒီနေ့ ကိုရီးယားတစ်နိုင်ငံလုံးမှာရှိတဲ့ဆယ်တန်းကျောင်းသား ၊ ကျောင်းသူလေးများအရမ်းရင်
ခုန်စိတ်လှုပ်ရှားနေကြသည် ။ ဘာဖြစ်လို့လဲဆို
တော့အောင်စာရင်းထွက်တဲ့နေ့လေးမို့ဖြစ်သည် ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမူအောင်မြင်သူကျောင်းသူ ၊ ကျောင်းသားစာရင်းစာရွက်တွေကို ကျောင်းဆောင်ရဲ့နံရံမှာကပ်ထားပေးကြသည် ။

Park Jimin သည်ဆယ်တန်းအောင်စာရင်းကို
ကြည့်ပြီးနောက် ဆံပင်လေးကိုတစ်ချက်ဖွလိုက်
ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည် ။ စာကြိုးစားခဲ့လို့ဆယ်တန်းကို ဂုဏ်ထူးငါးဘာသာ
နဲ့အောင်မြင်ခဲ့လို့စိတ်ထဲမှာတော့ ပျော်ရွှင်နေမယ်မထင်လိုက်နဲ့ .. ။

ဘာဖြစ်လို့လဲဆိုတော့ပိုပြီးမြင့်မားလာတဲ့
တက္ကသိုလ်ကိုဆက်တတ်ဖို့ လုံလောက်တဲ့
ငွေကြေးမရှိဘူး ။ ကိုယ့်ကိုကျောင်းဆက်
ထားပေးမယ့်သူလည်းမရှိဘူး ။ ဘ၀က
အရမ်းဆင်းရဲပါတယ်လေ ။

" Jimin ... မင်းအရမ်းတော်တာပဲ ။ ဆယ်တန်း
စာမေးပွဲကိုဂုဏ်ထူးငါးဘာသာနဲ့ အောင်တယ် ။
ငါတောင်ဂုဏ်ထူး နှစ်ဘာသာပဲပါတာ "

ငယ်စဉ်တည်းကခင်မင်ပေါင်းသင်းလာတဲ့
ကောင်းဖော်ဆိုးဖက် ၊ စိတ်တူကိုယ်တူ
Soulmate လေးဖြစ်တဲ့ TaeHyung သည်
Jimin ကိုပြုံးပြပြီးပြောလိုက်သည် ။

" မင်းလည်းတော်ပါတယ် ။ ဂုဏ်ထူးနှစ်ဘာသာ
တောင်ပါတယ်ဆိုတော့ တက္ကသိုလ်ဆက်တတ်
မှာလား "

" ငါတက္ကသိုလ်ကိုဆက်မတတ်တော့ဘူး ။ ငါက
ငယ်ငယ်တည်းက အဒေါ်အိမ်မှာကပ်နေရတာ
ဆိုတော့ ငါကျောင်းဆက်တတ်ရင် အဒေါ်က
ငါ့ကိုလုံးဝအမြင်ကြည်တော့မှာမဟုတ်ဘူး ။
ငါအလုပ်လုပ်ရတော့မယ် "

" အေးပါကွာ .... ဒါပေမယ့်အချိန်ပိုင်းအလုပ်လုပ်
ပြီးကျောင်းဆက်တတ်လို့ရတယ် ။ မင်းရဲ့အဒေါ်
က အပေါက်ဆိုးတာဟုတ်ပေမယ့် မင်းကျောင်းဆက်တာတော့ဘာမှမပြောလောက်ပါဘူး "

သူငယ်ချင်းဖြစ်သူ Jimin ရဲ့စကားကြောင့် Tae
Hyung ရဲ့မျက်နှာသည်တစ်ချက်ပျက်သွားခဲ့သည် ။ ငယ်ငယ်တည်းကမိဘမရှိတော့လို့အဒေါ်အိမ်မှာနေရတာ ဘယ်လောက်တောင်စိတ်ဆင်းရဲစရာကောင်းလိုက်မလဲ ။ တခါတလေ ငယ်ငယ်တည်းက ငါနင့်ကိုတင်ကျွေးထားရတာ။ ကြည့်လိုက်ရင် အမြဲတမ်းစာလုပ်နေတာပဲ ။ ဘာမှခိုင်းစားလို့ကိုမရဘူး ။ ကျောင်းပြီးရင်အလုပ်လုပ်တော့  ... အလုပ်လုပ်လို့ရတဲ့ပိုက်ဆံတွေကို ငါ့ကိုပေး ...ဒီလောက်လေးကတော့ကျေးဇူးဆပ်သင့်တယ်လို့ အမြဲတမ်းအဒေါ်ဖြစ်သူကပြောနေတာ ... ။

သံယောဇဥ်Donde viven las historias. Descúbrelo ahora