သံယောဇဉ် ( Part - 2 )
ကျောင်းကန်တင်းထဲ၌ Hoseok နဲ့ထမင်းအတူတူထိုင်စားနေသော Jungkook သည်
ညီလေးလို့အခေါ်ခံထားရတာကြောင့် စိတ်ထဲတွင်အခဲမကြေဖြစ်နေသည် ။ ဟိုးဘက်နားက ထိုင်ခုံမှာထမင်းစားနေတဲ့ Jimin ရဲ့မျက်နှာကိုမသိမသာချောင်းကြည့်နေသည် ။" Hoseok ... မင်းစဉ်းစားကြည့်ပါအုံး ။
ပထမနှစ်ကျောင်းသားကများ ငါ့ကို
ညီလေးတဲ့ ။ နည်းနည်းတော့တင်း
တယ်ကွာ "" ဟား ... ဟား ။ သူကပထမနှစ်ကျောင်းသား
ဆိုပေမယ့် မင်းထက်လနည်းနည်းကြီးလို့ ညီလေး
လို့ခေါ်တာ ဘာဆန်းလို့လဲ ။ မင်းကိုက လျှာ
ရှည်ပြီး ဆရာကြီးစတိုင်နဲ့ အစ်ကိုကြီးဆိုဒ်
သွားဖမ်းတာ ။ နောက်ဆုံးတော့လည်းညီလေး
လို့အခေါ်ခံလိုက်ရတယ် "" ဟွန့် .. တော်ပြီကွာ ။ ထမင်းဆက်မစား
ချင်တော့ဘူး ။ နောက် ၁၀ မိနစ်နေ အတန်း
ထဲပြန်ဝင်ရတော့မယ် "" အင်း ... "
Jungkook သည်ထမင်းစားနေတဲ့ Jimin ရဲ့
မျက်နှာကို မသိမသာခိုးကြည့်နေသည် ။ ဟက် ... လူကောင်ကသေးသေးလေးနဲ့စွာသေးလန်လေး
ပဲ ။ ထမင်းစားနေတာကလည်း ပလုတ်ပလောင်း
လေးနဲ့ ပါးလေးကဖောင်းထွက်နေတာပဲ ။ ဖြစ်နိုင်
ရင် အခုချက်ချင်းထပြီး အဲ့ပထမနှစ်အချေ ပိစိ
သေးသေးလေးကို အားရပါးရ မျက်နှာကိုဖြတ်
ရိုက်ချင်လိုက်တာနော် ။>>> <<<
Jimin သည်ထမင်းစားနေရာမှ တစုံတစ်ယောက်
က သူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတာကြောင့်ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်တော့ ခုနက တစ်ကျောင်းလုံးရဲ့ King ဆိုပြီးလာကြွားတဲ့ကောင်ကသူ့ကို ကြည့်နေတာကြောင့် မျက်နှာကိုဟိုးဘက်လွှဲလိုက်သည် ။" Yoongi , ငါ့ကိုဒီကျောင်း အကြောင်းပြော
ပြပါလား "" ပြောပြမယ် ။ ဒီကျောင်းမှာရှိတဲ့ကျောင်းသား
ကျောင်းသူတိုင်း သူငှေးသားသမီးတွေများတယ် ။ အရမ်းကြီးစည်းကမ်းတင်းကျပ်တဲ့ကျောင်းထဲ
မှာမပါဘူး ။ ပြီးတော့ ကိုယ့်ပစ္စည်းတစ်ခုခုကို
ကျောင်းမှာသိမ်းထားချင်တယ်ဆိုရင် ပစ္စည်း
တွေထားခန်းထဲမှာ ကိုယ့်နာမည်နဲ့ကိုယ်ထား
လို့ရအောင် ဗီဒိုအကွက်သေးသေးလေးရှိ
တယ် ။ အဲ့ဒီမှာ ထည့်လို့ရတယ် "
YOU ARE READING
သံယောဇဥ်
Fanfictionသံယောဇဥ်ဆိုတာ ကြည့်လို့မမြင်နိုင်သလို ဖျောက်ဖျက်လို့မရတဲ့အရာပါ တွယ်ငြိသွား မိရင် ရုန်းထွက်ဖို့အတွက်အလွန်ခက်ခဲတဲ့ အရာတစ်ခုပေါ့ ... ။