Part - 3

1.2K 148 31
                                    

သံယောဇဥ်  (  Part  -  3  )

" လောကကြီးကို မမုန်းလိုက်ပါနဲ့ ။ ကိုယ့်ကို
ကိုယ်ချစ်တတ်အောင် အရင်ကြိုးစားကြည့်
ပါလား "

အနောက်ကနေ ရုတ်တရက်ရောက်လာတဲ့
အသံကြောင့် Jimin သည်ငိုပြီးအော်ဟစ်နေ
ရင်းမှ အနောက်ကိုလှည့်ကြည့်လိုက်သည် ။
သေချာပေါက် သူပဲ ။ ကိုယ်၀မ်းနည်းလို့
ငိုလိုက်တိုင်း ..  သူကကိုယ့်အနားကို
ရောက်လာတယ် ..... ။

" ဘာဖြစ်လို့ ဒီမှာငိုနေရတာလဲဟင် "

" ငါ့ဘာသာငိုတာ မင်းအပူမပါဘူး ။
ငါ့ကိုအာရုံလာမနောက်နဲ့ "

Jimin သည်မျက်ရည်လေးတွေကိုသူ့ရဲ့
လက်ခုံလေးဖြင့် သုတ်လိုက်ပြီးကျန်ရှိနေ
သေးတဲ့ မျက်ရည်စလေးတွေကို မျက်
တောင်ရှည်လေးနဲ့ ပုတ်ခတ်လိုက်သည် ။
ထို့နောက် ကျောင်းခေါင်းမိုးထပ်မှ ထွက်
သွားဖို့ခြေတစ်လှမ်းလှမ်းရုံပဲရှိသေးတယ် ..
Jungkook သည်အနောက်ကနေ Jimin ရဲ့
လက်ကလေးကိုလှမ်းဆွဲလိုက်ပြီး ခန္ဓာကိုယ်
ငယ်လေးကို ဆွဲလှည့်လိုက်ကာ သူ့ရဲ့ရင်ခွင်
ထဲကိုထည့်လိုက်သည် ။

" ဒီတစ်ခါလည်း ဘယ်ကိုထွက်သွားအုံးမလို့လဲ ။
ဟိုးတစ်ခါတုန်းကလည်း မိုးရေထဲမှာတစ်ယောက်
တည်းထိုင်ငိုနေပြီး ပြေးထွက်သွားခဲ့တယ် ။ ငိုနေရတဲ့ အကြောင်းပြချက်လေး ပေးပါလား "

" ဖယ် ... ငါ့ကိုလွှတ်ပေး ။ မင်းနဲ့ငါသိလို့
ဒီလိုတွေ လုပ်ရဲရတာလဲ ။ ငါ့ကိုလွှတ်ပေး
ငါ့ကိုအသားလာမယူနဲ့ ။ ငါ့ဘ၀မှာ ကိုယ်နဲ့
လည်းမသိဘဲ အသားယူတာအမုန်းဆုံးပဲ "

Jimin သည်နွေးထွေးတဲ့ Jungkook ရဲ့ရင်ခွင်
ထဲကနေ အတင်းရုန်းနေသည် ။ လူကိုများပိုင်
စိုးပိုင်နက်နဲ့လက်ကိုလှမ်းဆွဲပြီး ရင်ခွင်ထဲထည့်
လိုက်တာများ ပါးရိုက်ချင်စရာ ။ ကိုယ့်ဘာသာ
ကိုယ် ၀မ်းနည်းလို့ငိုတာ သူ့ကိုအကြောင်းပြ
ချက်ပေးနေရဦးမှာလား ။

"  ခနလေးပဲ ...  ငြိမ်ငြိမ်နေပေး ။  စိတ်ကိုငြိမ်ငြိမ်
ထားနော် ။  လောကကြီးကိုဘာဖြစ်လို့မုန်းရ
တာလဲ ။ အသက်ဆက်မရှင်ချင်တော့ဘူးဆို
တဲ့စကားကို မပြောလို့မရဘူးလား ။ ကိုယ့်ကို
ကိုယ်ရောချစ်လား ပထမနှစ်အချေပိစိလေး "

သံယောဇဥ်Where stories live. Discover now