Unicode
' system ရေ မင်းဘယ်လိုထင်လဲ။ ငါမျက်ကပ်မှန်တပ်သင့်လား။ ငါ့မျက်လုံးအစိမ်းရောင်ကိုဖျောက်ထားရအောင်လေ။ '
( ကျနော်လဲ တပ်သင့်တယ်ထင်တယ် host ဘ အရင်ကျန်းဝူယီက မျက်ဆံအနက်ရောင်ဆိုတော့ ကျောင်းသားတွေက အထူးအဆန်းဖြစ်နေလိမ့်မယ် ထင်တယ်။)
' ဝူယီက လူဆိုးခေါင်းဆောင်ဆိုတော့ မျက်ကပ်မှန်တပ်ထားတယ်ဘဲ ထင်ကြမှာ ဘယ်သူမှလဲ မေးရဲမှာမဟုတ်လောက်ပါဘူး '
( ဒါပေမယ့် hostရယ်။ host မျက်လုံးက အစိမ်းရောင်ဘဲဆိုတော်သေးတယ်။ ခုဟာက မျက်လုံးက အရောင် သုံးရောင်တောင်လေ။ လိုအပ်လို့ သုံးမယ်လုပ်ရင် OOC ဖြစ်မှာစိုးရတယ်။ )
' ဟုတ်တယ်နော် ၊ ငါ့ system လေးတော်တယ်။ မျက်ကပ်မှန်ကို နောက်နေ့မှ ဝယ်လိုက်မယ်။ ဒီနေ့တော့ နေကာမျက်မှန်ဘဲ တပ်လိုက်မယ်။ '
ဝူယီလဲ ရေမိုးချိုးပြီး ကျောင်းသွားရန်ပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲတွင် ထမင်းစားရန်စောင့်နေသော ဒယ်ဒီနဲ့ မာမီကို တွေ့လိုက်ရသည်။
'' သား သားမာမီပြောတော့။ သားက အပင်စိုက်ရအောင် ခြံအကျယ်ကြီးလိုချင်တာဆို။ အဲ့အတွက် စာမေးပွဲမှာ အမှတ်ကောင်းအောင်ဖြေပြမယ်ဆို။ ''
" ဟုတ်ကဲ့ ဒယ်ဒီ သားကြိုးစားမှာပါ။ ''
'' အေးအေး သားလိမ္မာမယ်ဆို။ ဒယ်ဒီ လုပ်ပေးရမှာပေါ့''
'' ဒယ်ဒီ ၊ မာမီ သားစားလို့ဝပြီ။ သားကျောင်းသွားတော့မယ်''
'' ကားယူသွားမလား သား။ ''
'' မယူသွားတော့ဘူး မာမီ။ ဦးလေးဝမ်ကိုဘဲ မောင်းပို့ခိုင်းလိုက်မယ် မာမီ ။ သွားပြီ မာမီ။ ''
ကျန်းသခင်ကြီးနှင့် သခင်မကြီးလဲ ဝူယီထွက်သွားပြီးသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။
'' ကဲ ကြည့် ကျွန်မမပြောဘူးလား။ သားလေး ခေါင်းရိုက်ခံရပြီးတော့ အချိုးတွေပြောင်းသွားပါတယ်ဆို။ ''
YOU ARE READING
Training with system to be a god
Aventuraကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ်ယောက်က စွမ်းအားရှာခြင်းမှာ system က ကူညီပေးသောအခါ