နတ်ဆိုးရဲ့နှောင်ကြိုး

1.5K 68 5
                                    

နတ်ဆိုးရဲ့‌နှောင်ကြိုး Chapter 1 ..🗡️🗡️🗡️

" Dev  ငါ့ကို မသတ်ပါနဲ့ကွာ "

" ငါ ငါ တောင်းပန်ပါတယ် ဒီတစ်ခါတော့ ... "

မြေကြီးပေါ်မှာ လက်ထောက်ရက်
လဲကျနေသူရဲ့စကားအဆုံးခင်မှာပဲ 
Dev လို့ ခေါ်သူရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ 
သေနတ်ပြောင်းက‌နေ ကျည်တထောင့်
ထွက်သွားတယ် ..

" ဒိုင်း .....

မြေကြီးပေါ်မှာ လဲနေသူရဲ့ နဖူးတည့်တည့်ကို
ကျည်ဆံက ‌အရှိန်ပြင်းပြင်းနဲ့ ဝင်သွား
တော့တယ်

" အ ! "  ..

မြေကြီးပေါ် လဲကျနေတဲ့သူ ဘာစကားမှ
မဆက်နိုင်..
မျက်လုံးမျက်ဆန်ပြုးပြီး အနောက်
ခေါင်းလန်ကျ သေဆုံးသွားတော့တယ် ..

သူပစ်လိုက်တဲ့သူ သေသွားပြီးဆိုတာ
သေချာတာနဲ့ သူ့လက်ထဲက သေနတ်ကျည်အိမ်နေရာမှာ ရှိတဲ့  ခလုတ်လေး နိပ်ပြီး  သူနဲ့
ခပ်ဝေးဝေး နေရာ Dev လွှင်ပစ်လိုက်တယ်

" ဝုန်း !!! "

Dev လွှင့်ပစ်ပြီး မကြာခင်မှာပဲ ပေါက်ကွဲသံနဲ့အတူ သေနတ်က အစိတ်စိတ်အမွှာမွှာဖြစ်ပြီး
ပျက်စီးသွားတော့တယ် ..

သူ့တာဝန်ပြီးတာနဲ့
Dev လှည့်ထွက်လာခဲ့တယ်

အဲဒီအချိန်မှာပဲ ထုံးစံအတိုင်း သူ့ပါးပြင်ပေါ်
မျက်ရည်စီးကျ စီးကျလာတယ် ..

သူ့ပါးပြင်ပေါ်ကမျက်ရည်စကို
Dev သူ့လက်နဲ့ အသာသုတ်ပစ်လိုက်တယ် ..

လူတစ်ယောက် သတ်ပြီးတိုင်း
သူ့မျက်လုံးအိမ်ကမျက်ရည်တွေ
ဘာကြောင့် ကျ ကျလာရမှန်း Dev မသိ ..
သူ့စိတ်ခံစားချက်က ကို သူကိုယ်တိုင်
အဓိပ္ပာယ်မဖွင့်နိုင်ခဲ့တယ် ..

မှောင်ရိပ်မကျတကျနေရာမှာ အဆင်သင့်
ရပ်ထားတဲ့ ကားနက်တစီးပေါ်
Dev တက်သွားလိုက်တယ် ..

" ကိစ္စ လက်စသပ်ခဲ့တယ်မလား Tharn .. "

ကားခေါင်းခန်း အရှေ့က‌‌နေ
လှမ်းမေးလိုက်တဲ့ Lhong ကို
Tharn ဘာမှ ပြန်မပြော ..

ကားပြတင်းကနေ အပြင်ကို အဓိပ္ပယ်မဲ့
ငေးကြည့်နေလိုက်တယ်  ..

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now