နတ်ဆိုးရဲ့နှောင်ကြိုး Chapter 5 .. 🗡️🗡️🗡️
တစ်နေ့ ရောက်လာမယ် တစ်ရက်တော့
Gulf သူစီ ရောက်လာမှာ ဆိုတဲ့ မျှော်လင့်ချက်နဲ့ Tharn သူ့ကိုယ်သူ
အားပေးနေခဲ့မိတယ် ..Gulfကို ဒဏ်ရာကြီးနဲ့ ဆေးရုံမှာ ထားပြီး
သူ ဂျပန်ကို ပြန်လာခဲ့ရတယ် ..
သူ ထားခဲ့တဲ့ စာရွက်ကို Gulf သိပါ့မလား
သူ ပြောခဲ့တာကို မှတ်မိပါ့မလား
Tharn စိတ်ပူမိတယ် ..တစ်လကျော် နှစ်လနီးပါးလောက်ကြာတဲ့အထိGulf ဆီက ဘာသတင်းအစအနမှ
မကြားရနောက်တော့ Tharn မနေနိုင်တော့ ...
Lhong ကို ဖုန်းဆက် မေးရတော့တယ် ." Hello.. Lhong ..
ငါ့ကို တခုလောက် ကူညီပါ .. " !!!!
" ဒီဆေးရုံမှာ Gulf .. ဆိုတဲ့ လူနာ .. "
ဆေးရုံ ကောင်တာရှေ့ကနေ
ဖြတ်လျှောက်ရင်း Gulf ဆိုတဲ့
နာမည်ကြားရလိုက်တော့ တီနာ
သူ့ ခြေလှမ်းကို ရပ်လိုက်တယ် ..ဆေးရုံဆိုတာ
လူနာပေါင်းသောင်းခြောက်ထောင်
ဘယ်သူဆိုတာ သူတို့မှတ်မိဖို့
လွယ်တာမဟုတ်ဒါပေမယ့် Gulf ဆိုတဲ့ကောင်လေးကိုတော့
တီနာ စွဲစွဲထင်ထင် မှတ်မိနေရတယ် .." ဒေါက်တာ အရေးပေါ် သေနတ်ထိထားတဲ့
လူနာ ရောက်နေပါတယ် "Night duty တာဝန်ကျတဲ့နေ့
ရောက်လာတဲ့ အရေးပေါ် လူနာကို
တီနာလိုက်ကြည့်လိုက်တယ်" Oh my god ! "
အဖြူရောင်စောင်တခုလုံး
သွေးချင်းချင်းရဲတဲ့လူနာကို ကြည့်ပြီး
တီနာ မျက်လုံးကျယ်သွားတယ် .." အမြန် . အမြန် "
အရေးပေါ်ကုသမှု့လုပ်ပြီး တီနာတို့ ခွဲစိတ်မှု့
အမြန် လုပ်လိုက်ကြရတယ် ..စောင်တထည်ထဲပါလာပြီး
ဗလာကျင်းနေတဲ့ကောင်လေး ..
ပြီတော့ ထူးထူးခြားခြား
ယောက်ျားလေးဖြစ်ပြီ uterus (သားအိမ်) ပါလာတာ ..အဲဒါကြောင့်လည်း Gulf ဆိုတဲ့ နာမည်ကို
တီနာ မှတ်မိနေရတယ် .." Hi, ဘာ ကူညီရမလည်း "
ကောင်တာက စာရေးမလေး ယောင်နန
ဖြစ်နေတာနဲ့ တီနာ ဝင်ပြီး ပြောလိုက်တယ် ..
YOU ARE READING
နတ်ဆိုးရဲ့နှောင်ကြိုး
Fanficလူတစ်ယောက်သတ်ပြီးတိုင် မျက်ရည်ကျတတ်တဲ့ Dev သို့မဟုတ် Tharn သူ့ကို လာသတ်မယ့် လူသတ်သမားကို ပန်းချီဆွဲရင်း စောင့်နေတဲ့ Gulf .. သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှု့က ..... ..