နတ်ဆိုးရဲ့နှောင်ကြိုး

449 42 0
                                    

နတ်ဆိုးရဲ့ နှောင်ကြိုးChapter 3 .. 🗡️🗡️🗡️

" Tharn အဲဒီ ပန်းချီဆရာက မင်းကို
နှစ်ခါတောင်မြင်ဘူးသွားပြီးနော် .. အဲဒီတော့
သူ့ကို ဒီအတိုင်း ထားလို့မရတော့ဘူး ..

Lhong ပြောတဲ့စကားကို Tharn ဘာမှ
မတုံ့ပြန်မိဒါက သူတို့ ဂိုဏ်းရဲ့ စည်းကမ်း .

ဒါပေမယ့် ဟို ပန်းချီဆရာကို Tharn
သနားသလိုတော့ စိတ်ထဲ ဖြစ်သွားမိတယ် ..

" Tharn မင်း မလုပ်ဘူးလား အဲဒါဆို ငါ .."

တွေဝေသလိုဖြစ်နေတဲ့ Tharn ကို Lhong ဖိအားပေးလိုက်တယ် ..

" ငါ့ဘာသာ ရှင်းမယ် "

Lhong ပြောရင်း
Tharn ကို အကဲခပ်လိုက်တယ်

ယာမာဆာကီဂိုဏ်းထဲ Tharn ဝင်လာတာ
အချိန်တခုထိကြာမြင့်ခဲ့ပေမယ့် သူ့စိတ်ကို
သူတို့ခေါင်းဆောင် မဒမ် နာအိုမီ ခန့်မှန်းလို့
မရနိုင်ခဲ့တယ် ..

" မလွန်ဆန်နိုင်လို့
Tharn ငါတို့လက်အောက်ဝင်ခဲ့ပေမယ့် ..
သူ့စိတ်ထဲက ဘာရှိတယ်ဆိုတာ
ငါ ခန့်မှန်းလို့မရဘူး Lhong ..

Tharn က ငါတို့ ချုပ်ကိုင်ထားတဲ့ တခြား
လူတွေလိုမဟုတ်ဘူး ..

အိုခီတကိစ္စနဲ့ ပတ်သက်နေတာတွေ မြန်မြန်
ရှင်းခိုင်းပြီး သူ့ကို အချိန်တခုလောက်ထိ
ကိုယ်ဖျောက်ခိုင်းထားလိုက် " ..

"အဲဒါဆို ဒီညပဲ ရှင်းလိုက် ငါလည်း
လိုက်ခဲ့မယ်ကိစ္စတွေ မြန်မြန်ပြီးသွားတော့ မင်းသွားချင်တဲ့ဂျပန်ကို မြန်မြန် ပြန်လို့
ရတာပေါ့ကွာ "

သူတို့ ခေါင်းဆောင်ကလည်း Tharn ကို
ဒီနိုင်ငံကနေ ခြေရာဖျောက်ခိုင်းချင်နေတာနဲ့

တကယ်လို့သာ Tharn ဒီဂိုဏ်းထဲ
မရှိရင် သူက ပိုပြီးမျက်နှာရမယ် နေရာရမယ်

ဒီလို အကြံနဲ့ သူလည်း ကူညီဖို့ Lhongအတွေးဝင်ခဲ့လိုက်တယ် ..

သူ့အိမ်ရဲ့ လှေကားထစ်တွေ လှမ်းတက်ရင်း
Gulf လက်က သူ့ကုတ်အကျီထဲက
ပစ္စည်းလေးဆုပ်ကိုင်မိသွားတယ် ..

" ဟင်း "

အချက်ပေးတဲ့ပစ္စည်းလေးကို ကြည့်ပြီး
Gulf ပင့်သက်ရှိုက်လိုက်မိတယ် ..

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now