နတ်ဆိုးရဲ့နှောင်ကြိုး.. End 🗡️🗡️🗡️
Gulf အဝတ်အစားလဲပြီး မကြာခင်ပဲ
ကလေးတွေနဲ့ ရှေ့နေကြီးလည်း ရှေ့ဆင့်နောက်ဆင့်ရောက်လာကြတယ် .." KO Tharn,
ဒီမှာ ခင်ဗျားတို့ လုပ်ခိုင်းထားတဲ့
အမွေ ခွဲဝေတာနဲ့ ပတ်သက်တာတွေ
ဖတ်ကြည့်ကြပါအုန်း ..ကျတော် ပြောတဲ့ အတိုင်းလုပ်ထားပါတယ်
လိုအပ်တာရှိရင်လည်း ထပ်ဖြည့်လို့ရပါတယ်" Gulf ဖတ်အုန်းမလား "
" မင်းဖတ်ကြည့်ရင်ပြီးတာပဲ "
အမွေခွဲဝေထားတဲ့ စာတမ်းစာရွက်တွေကို
Tharn အသေးစိတ်ဖတ်ကြည့်လိုက်တယ် .." ဟုတ်ကဲ့ ပြည့်စုံပါတယ် ရှေ့နေကြီး "
" ဒယ်ဒီ , ဖော ကျတော်တို့ အဆင်သင့်ဖြစ်ပြီ"
" အေး သားတို့ ဝင်ခဲ့ကြ ကိုဝေလည်း ဝင်ခဲ့
မင်းလည်း ဒီအိမ်သားပဲ "အဖေတွေ အခန်းထဲ ရှေ့နေကြီးကိုပါ
မြင်လိုက်ရတော့ ဂျီနိုတို့ မောင်နှမတွေ
ထူးဆန်းသွားတယ် ..ဒီရှေ့နေကြီးက သူတို့အလုပ်ကိစ္စနဲ့
ပတ်သက်ပြီးတာဝန်ယူထားတဲ့
အတိုင်ပင်ခံ ရှေ့နေကြီး ..ဧကန္တ ...
" ဖော , ဒယ်ဒီ
ဂျီနိုကတော့ သူ့အဖေတွေ ဘာလုပ်တော့မယ်
ဆိုတာ သဘောပေါက်သွားတယ် ..ငယ်ငယ်ကတော့ သူတို့အသက်ငယ်သေးလို့
အဖေနှစ်ယောက်ရဲ့ ငွေကြေးကြွယ်ဝမှု့
ဘယ်လောက် အတိုင်းအတာ ရှိတယ်ဆိုတာ
သူတို့မသိခဲ့ကြဘူး ..
အရွယ်ရောက်လာတော့လည်း ကိုယ့်လက်နဲ့
ကိုယ့်ခွန်အား ရလာတဲ့ အသီးအပွင့်ကိုပဲ
ဂျီနိုတို့ မောင်နှမတွေ တန်ဖိုးထားခဲ့ကြတယ်မိဘရဲ့ အမွေအနှစ်ကို တန်ဖိုးထားရမယ်
ဆိုတာနားလည်ပေမယ့် သူတို့ မမက်မော
ခဲ့ကြတယ် ..သူကတော့ အဖေနှစ်ယောက်စိတ်ကို
သိလိုက်ပေမယ့် အမြွာနှစ်ယောက်ကတော့
ခုထိ နားမလည်တဲ့ မျက်နှာလေးတွေနဲ့ .." သားတို့ ထိုင်ကြ မင်းတို့ ဖောနဲ့
ဒယ်ဒီတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာ ...
YOU ARE READING
နတ်ဆိုးရဲ့နှောင်ကြိုး
Fanficလူတစ်ယောက်သတ်ပြီးတိုင် မျက်ရည်ကျတတ်တဲ့ Dev သို့မဟုတ် Tharn သူ့ကို လာသတ်မယ့် လူသတ်သမားကို ပန်းချီဆွဲရင်း စောင့်နေတဲ့ Gulf .. သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှု့က ..... ..