နတ်ဆိုးရဲ့နှောင်ကြိုး

454 45 0
                                    

နတ်ဆိုးရဲ့နှောင်ကြိုး  Chapter 10 .. 🗡️🗡️🗡️

နောက်တစ်ရက်မှာတော့ Gulf ဆေးရုံကနေ
အိမ်ပြန်ရောက်ခဲ့တယ် ..

Gulf အိမ်ရောက်မှပဲ Tharn လည်း ရှုပ်ပွနေတဲ့
သူ့ခြံကို ရှင်းလင်းရတော့တယ် ..

Gulf ကတော့ ဘာမှဒီအကြောင်းတွေ
ထပ်မမေးခဲ့တယ် ..

နေ့တိုင်း  Tharn နဲ့ ပုံမှန် ဘဝကို ဖြတ်သန်းတယ်
သူ သွားနေကြ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုသွားတယ်

အဲဒီကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ဘက်ကို
ကြည့်ပြီး သူ ဝါသနာပါတဲ့ ပန်းချီတွေ ဆွဲတယ်

မိုင်းပေါင်းများစွာဝေးတဲ့ သူ့အရပ်ဇာတိကို
ထားခဲ့ပြီး သူ့ကို ချစ်တဲ့စိတ်တခုထဲနဲ့
ရောက်လာခဲ့တဲ့ ကောင်လေး ..

Gulf ရဲ့ နေ့တိုင်း သွားလာလှုပ်ရှားတာ
ကြည့်ပြီး Tharn စိတ်မကောင်းဖြစ်နေမိတယ် ..

သူ့ကို ဘာမှမပြောပေမယ့် ..
Gulf ရင်ထဲမှာ သူ့ဌာနေကို လွမ်းဆွတ်နေမလား 
Tharn အတွေးဝင်မိတယ်  ..


သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ Gulf ကို
ဖက်ထားရင်း Tharn  ဖြစ်ခဲ့သမျှကိစ္စတွေကို
ပြန်ပြီး စဉ်းစားနေမိတယ် . 

ဒီအတိုင်းဆိုရင် သူ့အတွက် သတ်ရဖြတ်ရတဲ့
ကိစ္စတွေ မရှိတော့ဘူးလို့ Tharn ထင်မိတယ်

ပြီးတော့ Gulf နဲ့သူ လည်း ဒီမှာဆက်နေလို့
‌ဖြစ်မလား ဒါမှမဟုတ် ဒီကနေ ထွက်သွားရင်
ကောင်းမလား Tharn  စဉ်းစားနေမိတယ် ..

" Tharn မအိပ်သေးဘူးလား "

" ဟင် ! Gulf  "

Tharn ရင်ခွင်ထဲကနေ Gulf  ထ ထိုင်လိုက်တယ်

Tharn,  ဒီရက်ပိုင်း အတွေးတွေရှုပ်နေတယ်လို့
Gulf မြင်မိတယ် .. သူ့ကိုဘာမှမပြောပေမယ့်
သူတို့က တစ်ယောက်မျက်နှာတစ်ယောက်စိတ်
ဖတ်နေကြတဲ့သူတွေ ..

သူ့ ဘာဖြစ်လည်း Tharn သိသလို ..

အခုလည်း Tharn ဘာဖြစ်နေလည်း
Gulf သိချင်နေမိတယ် .  ..

" မင်း ဘာတွေ တွေးနေတာလည်း "

သူ့ကို ကြည့်နေတဲ့ Gulf ရဲ့ ကြည်တောက်ပြီး
ဘာ အရောင်အဆင်းမှ မရှိတဲ့ မျက်လုံးတစုံ. 

နတ်ဆိုးရဲ့နှောင်ကြိုးWhere stories live. Discover now