[Uni]
"အကို"
"ညို"
"တောင်းပန်ပါတယ် ကျေးဇူပြုပြီး ညို့ကို လွှတ်ပေးပါဗျာ မလုပ်လိုက်ပါနဲ့တောင်ပန်းပါတယ် ကျွန်တော် တောင်းဆိုပါတယ်"
" အဟား ဟား ဟား" ရက်စက်တဲ့ရယ်မောသံနဲ့အတူ စုလေးညိုအမည်ရတဲ့မိန်းကလေးရဲ့ လည်ပင်းပေါ်မှ ဓါးလေးထံမှာ သွေးစက်များဟာ မြေပြင်ပေါ်သို့ဆင်းသက်ခဲ့ပြီ။
ညို၏ မျက်လုံးလေးများကတော့ စကားပြောနေပေသည်။"ညို တော့ ညိုချစ်တဲ့အကို့ကိုထားခဲ့ရပြီနဲ့တူပါတယ်အကိုရယ် ညို့ကိုကယ်ပါဦးအကို" ဟူ၍
"ညို!!!! " ဇွက် "အ"
"အ .....ကို"
အကိုရဲ့ချစ်ရတဲ့ညို အကိုလည်း ညို့ရှိတဲ့ဆီလိုက်လာပြီ တောင်းဆုတစ်ခုပြုပါရစေ ညို ကျွန်တော်သိပ်ချစ်ရတဲ့စုလေးညိုနဲ့ နောက် နောက်ဘဝများရှိခဲ့ရင် ညိုနဲ့ ရိုးမြေကျပေါင်းဖက်ရပါစေ ညို အကိုတို့သေချာပေါက်ပြန်တွေ့ကြမယ် အကိုမင်းကိုသိပ်ချစ်တယ်ညို.....
သိပ်ချစ်တဲ့ ချစ်သူနှစ်ဦးကတော့ သေကွဲ ကွဲခဲ့ရပြီ မိုးနတ်မင်းကလည်း ဝမ်းနည်းနေတယ်ထင်ပါ့ မျည်ရည်မိုး တွေရွာချလို့
"ဆ..ရာ ဆရာ"ဟုခေါ်ကာအကြောက်အလန့်နဲ့ပြေးလာသော စောမောင်ဆိုသူ
"ဘာလဲကွာ နားညီးတယ်"ဟုဆိုကာ စောမောင်အား ဆေးပေါ့လိပ် ခဲပြီး စိတ်တိုစွာ ပြန်ဖြေသောသူ
"ဟို သူတို့နှစ်ယောက် သေပြီဆရာ ဘယ်လိုလုပ်ရမလဲ"
"ဟမ့် သေပြီတဲ့လား အဟား ဒီမှာသေမှာတော့ မြုပ်ပစ်လိုက် ဘာခက်တာမှတ်လို့ အလကား သက်သက်မေးနေရသေးတယ်"
"ဟို ဆရာသေတာက ဆရာချစ်တဲ့ စု ...စုလေးညိုလေဆရာ"
ဆရာဆိုသောထိုလူကနှုတ်ခမ်းတစ်ချက်တွန့်၍ပြုံးကာ"ဘာလုပ်ရမှာလဲ သေသွားအေးတာပဲ လက်စဖျောက်ခဲ့ မဖျောက်လည်းကိစ္စမရှိပါဘူး လာစစ်တဲ့ခွေးတွေကို အစာကျွေးလိုက်ရုံပဲ သွား သွား လုပ်စရာရှိတာ လုပ်ဖို့ အကြောင်းပြန်လိုက် "
"ဟုတ်ကဲ့ ဆရာ" ဟုဆိုကာ စောမောင်ထွက်သွားလေသည်။
"အော် စုလေးညို စုလေးညို အဟား မင်းငါ့ကိုမရွေးချယ်ခဲ့တာ နောင်တရနေပြီလား ငါမပိုင်တဲ့မင်းကိုဟိုကောင်ရဲထူးနောင်လည်းမပိုင်ရဘူးပဲ ကျွတ် ကျွတ် ကျွတ်"
