[Unicode]
ယာယာ ဘယ်မှာလဲ"ဟူသောဒေါ်မေလင်းညို မေးသံနောက်တွင် လှလှ၏ "အိမ်ပုလေးမှာပန်းချီဆွဲနေပါတယ် မေမေကြီး" ဟူသောအဖြေစကားကကပ်လျက်။
လှလှ၏စကားကြောင့် ဒေါ်မေလင်းညိုတစ်ယောက် အိမ်တော်ကြီး၏ အနောက်ဘက် အိမ်ပုလေးတွင်ရှိသော သူမ၏အသည်းကျော် မြေးလေး ရှင်မင်းယာ တစ်နည်းအားဖြင့် သူမ ပေါ့လျော့မှုကြောင့် သေဆုံးသွားခဲ့သော စုလေးညိုဆီ သွားလေသည်။ဟော် တွေ့ပါပြီ ပန်းချီဆွဲနေသော ရှင်မင်းလေး သိပ်ချောတဲ့ကလေးလေး စုလေးညိုလိုမျိုး ဘယ်ဘက် မျက်ခွံပေါ်မှာ မှဲ့နက်ကလေးနဲ့ သိပ်လှတဲ့ မျက်ဝန်းညိုတွေကိုလည်းပိုင်ဆိုင်ထားသေးတာ ဒီမျက်ဝန်းညိုတွေကတောက်ပမနေတာဘယ်တုန်းတည်းကများပါလိမ့်။ မိဘတွေဆုံးရှုံးသွားတည်းက သိပ်ပြောင်းလဲသွားသည့်ကလေး ပန်းချီဆွဲနေချိန်မှာရော မျက်ဝန်းညိုတွေက လွမ်းရိပ်တွေသန်းလို့ပါရော ဒီမြေးလေးပျော်ရွှင်ဖို့သူမ ဘာမဆိုလုပ်ပေးချင်စမ်းပါဘိ။
"ဘွားရဲ့ယာယာလေး နေ့လည်စာစားရအောင်လေ ယာယာရဲ့ အစားစားချိန်နောက်ကျရင် ကျန်းမာရေးထိခိုက်လိမ့်မယ် လာ တို့မြေးဘွားနှစ်ယောက် အတူတူစားကြမယ်"
"သား ဒီပုံလေးဆက်ဆွဲချင်တာ ဒါပြီးမှပဲ...
" ဘာပုံတွေလဲ ယာယာရဲ့ ဒီအဘွားကြီး ကြည့်ပါရစေဦး ဒါ... ဒါ ... ဒါ ဘယ်သူလဲ ရှင်မင်းယာ ဘယ်သူလဲ သူ့ကိုသိလို့လား ဖြေ "
" သားကိုမအော်ပါနဲ့ဘွားညို အိပ်မက်ထဲမယ်ပါနေကြသူမို့လို့ဆွဲတာ သူနှုတ်ခမ်းတွေ မျက်ခုံးတွေက သိပ်လှလို့ဆွဲမိတာ"
"မဆွဲနဲ့ ယာယာ မဆွဲရဘူး "
"ထွက်သွား ဘွားညို ထွက်သွားပေး ရှင်မင်းဘာသာ ရှင်မင်းနေချင်တယ် ထွက်သွားပေး"
"ငါပြောမယ်ရှင်မင်းယာ ဒီပုံကိုလုံးဝဆက်မဆွဲနဲ့ မဟုတ်ရင်ငါ့အဆိုး မဆိုနဲ့ ဂျိမ်း"
"ဟင့် .." ရှင်မင်းသိပ်ဝမ်းနည်းပါသည်။ ဘွားညိုက သူ့ကို အော်တယ် အိပ်မက်တွေအကြောင်းပြောရင်လည်းဆူတယ် ချစ်တယ်သာပြောတယ် ဘွားညိုဟာ ရှင်မင်းကို မချစ်ပါဘူး မေမေတို့လည်း ရှင်မင်းကိုမချစ်ဘူး ရှင်မင်းကိုတစ်ယောက်တည်းထားခဲ့တယ် သူ့ကိုဘယ်သူမှမချစ်ကြဘူးပဲ။
